ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ ၆၆/၆) ပါ အချက်အလက်များအား Data Base ရေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေး‌ဆွေးနွေး

 

မြစ်ကြီးနား   ဇူလိုင်    ၁၃


ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ ၆၆/၆) ပါအချက်အလက်များအား Data Base ရေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာန ဆိုင်ရာများနှင့် ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 


ဆွေးနွေးရာတွင်    ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံတော်အနေ ဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ       ကျင်းပရာတွင်  မဲစာရင်းများ တိကျမှန်ကန်စေရေး၊ နိုင်ငံသားစိစစ်ရေးကတ် ဆောင် ရွက်ရမည့်သူများ       စနစ်တကျ ဆောင်ရွက်         ပေးရေးတို့သည် လွန်စွာ          အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်နယ်သူ၊ ပြည်နယ် သားများနှင့် မိမိတို့နိုင်ငံအတွက်  အကျိုးဖြစ်ထွန်းစေမည့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ ၆၆/၆) များ     တိုက်ဆိုင်စိစစ် စာရင်းရေးသွင်း ခြင်း   လုပ်ငန်းများကို  သတ်မှတ် ကာလအတွင်း     ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး   အားလုံးက ဝိုင်းဝန်းကူညီ     ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း    တိုက်တွန်း မှာကြားသည်။

 


ထို့နောက်     ပြည်နယ်လူမှု ရေးရာဝန်ကြီး    ဦးဝင်းရဲထွန်းက အိမ်ထောင်စု      လူဦးရေစာရင်း (ပုံစံ ၆၆/၆) ပါ  အချက်အလက် များ သတ်မှတ်ချိန်အတွင်း ပြီးစီး အောင်   Data  Base  ရေးသွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့်  ကွန်ပျူတာလိုအပ်ချက် များ၊  ကူညီဖြည့်ဆည်း  ဆောင် ရွက်ပေးရမည့်    ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ     ပြည်နယ် ဝန်ကြီးချုပ်က     အစည်းအဝေး တက်ရောက်              လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ မြစ်ကြီးနား တက္ကသိုလ်         ပါမောက္ခချုပ်၊        ကွန်ပျူတာတက္ကသိုလ်       ဒုတိယ ပါမောက္ခချုပ်တို့အား      စာရင်း ရေးသွင်းခြင်းဆိုင်ရာ     လုပ်ငန်း များတွင်    ပူးပေါင်းကူညီဆောင် ရွက်နိုင်ရေး     ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်သည်     လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ကချင်ပြည်နယ်အတွင်းရှိ အရာ ထမ်း၊     အမှုထမ်း    ဝန်ထမ်းများ စာရင်းရေးသွင်းခြင်း    လုပ်ငန်း ဆောင်ရွက်နိုင်ရေး      ပြည်နယ် အစိုးရအဖွဲ့ရုံး      မေခခန်းမ၌ ကွန်ပျူတာအလုံး ၈၀ တပ်ဆင် အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်မီး သွယ်တန်းပေးနိုင်ရေး၊ အင်တာ နက်     တပ်ဆင်နိုင်ရေးစသည့် အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာကိစ္စ ရပ်များ   ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး     ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍     ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရှိရ သည်။    


   ပြည်နယ် (ပြန်/ဆက်)