
နေပြည်တော် ဒီဇင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာ အချက်အလက်များ၊ မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးရေး ဇုန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ စက်မှုရပ်ကွက် ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် စက်မှုရပ်ကွက်အတွင်း စက်မှုကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကချင်ပြည်နယ် အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နေမှု၊ ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချေးငွေများ ထုတ်ပေးမှုနှင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်လျက်ရှိမှု၊ One Village One Product ထုတ်လုပ်နိုင်ရေး ဒေသ အလိုက် ထုတ်ကုန်အမယ် သတ်မှတ်ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိမှု စသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် “စွမ်းအင်ပြည့်လျှံ” အဆင့်မြင့် လောင်စာတောင့် လုပ်ငန်းရှင် ဦးအောင်သန်းထွဋ်ဦး၊ “ရွှေအုပ်ဆောင်း” ပယင်းကျန်းမာရေးထုတ်ကုန် လုပ်ငန်းရှင် ဒေါ်နီနီလွင်၊ “ဖြိုးဝေဝေ” စက္ကူ Recycling လုပ်ငန်းရှင် ဦးဘင်ဂျမင်၊ “မနောမြန်မာ” စက်ရက်ကန်းလုပ်ငန်းရှင် ဦးသန်းဝင်းနှင့် လုပ်ငန်း ရှင်များက ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ လုပ်ငန်းအလိုက် အခက်အခဲများ တွေ့ကြုံနေရမှုနှင့် အစိုးရမှ လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ချောထုတ်လုပ်ပြီး ပြည်ပနိုင်ငံများ သို့ တင်ပို့ရာတွင် ကုန်သွယ်မှု အခွန်ပမာဏလျော့ကျ စေရေး သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက် ပေးစေလိုမှု၊ အတိုးနှုန်းသက်သာသည့် ရင်းနှီး မတည်ချေးငွေများကို ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြားလိုအပ်သည်များကို တင်ပြဆွေးနွေး ကြသည်။
ထို့နောက် ကချင်အထူးဒေသ(၁)မှ ဦးဇခုန် ယိန်းဆောင်က ချီဖွေ၊ ပန်ဝါ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးမှုများကို ယင်းဒေသရှိ ဒေသခံပြည်သူများက အထူးကျေးဇူးတင် ရှိသည့် အခြေအနေများ၊ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်လာ စေရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန် စေရေးနှင့် အခြားဒေသတွင်း လိုအပ်ချက်များ ကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ဖွင့်လှစ်၍ လူသားအရင်းအမြစ်များမွေးထုတ်ပေးလျက်ရှိမှု၊ လမ်းပန်း ဆက်သွယ်မှု လျင်မြန်ချောမွေ့ရေးမှအစ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကာ လိုအပ်သည်များကို ဝန်ကြီးဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေတစ်ရပ် ထူထောင်၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များသို့ ရင်းနှီးမတည်ငွေများ ဆောင်ရွက်ပေးခဲ့မှု၊ MSME အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေတစ်ရပ် ထူထောင်ကာ လိုအပ်သည်များ ရင်းနှီးမတည်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ချေးငွေနှင့် ပတ်သက်၍ နိုင်ငံတော်မှ ခေါင်းစဉ် အမျိုးမျိုးဖြင့် ထုတ်ပေးထားသည့် ချေးငွေများကို သတ်မှတ်ကာလအပိုင်းအခြားနှင့်အညီ အချိန်မီ ပြန်လည်ပေးဆပ်ရန် လိုအပ်မှု၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို လုပ်ထုံး လုပ်နည်းနှင့် ဆောင်ရွက်ပေးရန် အသင့်ရှိသည့် အတွက် လုပ်ငန်းရှင်များမှလည်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်မှု၊ MSME လုပ်ငန်းများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှသာလျှင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင် ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
MSME လုပ်ငန်းများကို အားပေးမြှင့်တင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ သွားရောက်၍ နိုင်ငံ့ စီးပွားမြှင့်တင်နိုင်ရန်အတွက် MSME လုပ်ငန်းများ မြှင့်တင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံသာမက ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ပြည်တွင်းစီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော် သည် MSME လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးပါသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ စတင်၍ စီးပွားရေးဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှု များ၌ အားနည်းချက်များရှိခဲ့ခြင်းကြောင့် နိုင်ငံ့ စီးပွားရေးကျဆင်းခဲ့ရကြောင်း၊ နိုင်ငံခြားဝင်ငွေများ ရရှိခြင်းမရှိခဲ့ဘဲ ပြည်ပမှ သွင်းကုန်များကို တင်သွင်းခဲ့ မှုများကြောင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ Non Trade လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများဖြင့် သွင်းကုန်များ တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမှု မရှိခဲ့ဘဲ ပြည်ပသွင်းကုန်ကိုသာ အားထားဆောင်ရွက်ခဲ့ခြင်း ကြောင့် ကုန်သွယ်မှုလိုငွေ အများအပြားရှိခဲ့ပြီး တိုင်းပြည်အတွက် စိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိခဲ့ကာ ကြွေးမြီအများအပြား ဖြစ်ပေါ်ခဲ့ ကြောင်း။
မိမိတို့အနေဖြင့် လက်ရှိနိုင်ငံ့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်ပမှ ချေးငွေနှင့် အထောက်အပံ့များရရှိမှု မရှိသော်လည်း ပြည်ပ ချေးငွေများကို ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုစီးပွားရေးကို အားပေးဆောင်ရွက် မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သည့် ကျေးလက် စီးပွားရေး တစ်နည်းအားဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ဝယ်လိုအားတက်လာမည် ဖြစ်ကြောင်း၊ ငွေကြေးလည်ပတ်မှုများ ကောင်းမွန် လာပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ် ကာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ MSME လုပ်ငန်းများကို ပြည်တွင်းစီးပွားရေး အားပေးရန်၊ ပြည်ပသွင်းကုန် အစားထိုးရန်နှင့် ပြည်ပ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အားပေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားနှင့် စက်သုံးဆီ လိုအပ်ချက်
နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သကဲ့ သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်း အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ် များ ထုတ်လုပ်မည်ဆိုပါက မီဂါဝပ် ၄ သောင်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရကြောင်း၊ ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်ယူနိုင် သည့် အရင်းအမြစ်များစွာရှိပြီးဖြစ်သဖြင့် အကျိုး ရှိစွာ အသုံးချစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အချိန်ကာလတစ်ခုအထိ ကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ဆောင်ရွက် ရကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအား အသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်း များကို ဆောင်ရွက်နိုင်ကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားများကို ချွေတာသုံးစွဲကြရန် လိုကြောင်း။
အလားတူ မိမိတို့အနေဖြင့် စက်သုံးဆီများ ကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရမှုကြောင့် နိုင်ငံခြား ငွေ သုံးစွဲမှုများ များစွာကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံးဆီများကို တတ်နိုင်သမျှ ချွေတာ သုံးစွဲရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲရန် မလိုအပ် သည့် စက်ဘီးကဲ့သို့သောယာဉ်များကို တိုင်းချစ် ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုကြောင်း၊ကုန်စည် ပို့ဆောင်ရေးတွင်လည်း စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်သည့် ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တစ်ဦးချင်း ချွေတာသုံးစွဲမည်ဆိုပါက နိုင်ငံခြားငွေ ကုန်ကျမှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း။
ဒေသထုတ်ကုန်ကို အခြေခံသည့်
ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်
ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ထုတ်လုပ်မှုကုန်ကျ စရိတ်ကြီးမြင့်ခြင်း၊ သယ်ဆောင်မှုစရိတ် မြင့်မားခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတမှု မရှိခြင်းများ ကြောင့်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင် ရေခံမြေခံ ကောင်းများကို ပိုင်ဆိုင်ပြီးဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်း အောင် ဆောင်ရွက်နိုင်ကြောင်း၊ ပြည်တွင်း၌ ထုတ်ကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်မည် ဆိုပါက ကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ် ကြောင်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက် ခြင်းသည် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ အားလုံး တိုးတက်လာစေရန်ဖြစ်ကြောင်း၊ တစ်ဦး ချင်း၏ အကျိုးစီးပွားမှ နိုင်ငံ့အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကချင်ပြည်နယ်အတွင်း တစ်ဦးချင်းအကျိုးစီးပွား ထက် အများ၏အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြစေလို ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများမှ သွင်းကုန်အစားထိုး လူသုံးကုန်နှင့် စားသောက်ကုန်များကို ထုတ်လုပ်နိုင် ကြောင်း၊ ကချင်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးမှု များသဖြင့် ရော်ဘာထွက်ကုန်များဖြင့် တာယာများ နှင့် အခြားလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင် ကြောင်း၊ ဒေသတွင်း လူသုံးကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ ကို ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ပါ ပြန်လည် တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ဝါးနှင့် သစ်များပေါများစွာရှိကြောင်း၊ အဆိုပါ သစ်နှင့် ဝါးများကို အသုံးပြု၍ စက္ကူ ပျော့ဖတ်များထုတ်လုပ်ပြီး နိုင်ငံ၏ စက္ကူလိုအပ်ချက်ကို ဖြည့်တင်းနိုင်ကြောင်း၊ ဝါးကို အခြေခံသည့် အခြားလူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ဝါးနှင့် ပတ်သက် ၍ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက နိုင်ငံတော်မှ လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ကချင်ပြည်နယ် အတွင်းမှ ထွက်ရှိသည့် သစ်သီးများကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက အကျိုးများစွာ ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။
ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုး ရေးတွင် အဓိက အခြေခံအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန် ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် စိုက်နည်း စနစ်မှန်ကန်မှုရှိရေး စသည့် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးကို စနစ်တကျဖြင့် အသုံးချဆောင်ရွက်ရန်လို ကြောင်း၊ စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးခြင်းထက် တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိရိုးဖလာ မွေးမြူရေးလုပ်ငန်းများအစား လှောင်၍မွေးမြူသည့် စနစ်ဖြင့် စနစ်တကျမွေးမြူမည်ဆိုပါက မွေးမြူရေး ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သော ကြောင့် နိုင်ငံခြားဝင်ငွေများရရှိပြီး ဒေသနှင့် နိုင်ငံအတွက်အကျိုးများစွာဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း။
လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး
ပညာရေး အားပေးမြှင့်တင်
MSME လုပ်ငန်းများ အောင်မြင်စေရေးအတွက် အဓိကလိုအပ်ချက်မှာ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်း အနှီးနှင့် လူသားအရင်းအမြစ်ကောင်းတို့ ဖြစ် ကြောင်း၊ ယနေ့ ခေတ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပြီး ဒေသတွင်း အလွယ်တကူရရှိနိုင်သည့် ကုန်ကြမ်းများကို သုံးစွဲ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင် ရေး အခြေခံပညာများ မြှင့်တင်ရေးအတွက် အစိုးရ မှ တတ်နိုင်သည့်ဘက်မှ အားပေးဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အလားတူ အဆင့်မြင့်ပညာရေး မြှင့်တင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပညာရေးကို မြှင့်တင်ခြင်းသည် လူတစ်ဦးချင်း၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ် ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်ပညာရေး မြှင့်တင်မှုများကို မဖြစ်မနေ ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို နိုင်ငံ တော်အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံလုပ်ငန်းရှင် များမှလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက် လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သယံဇာတ တွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံး ကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေး များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားလေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေ အနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်