ကချင်ပြည်နယ်အတွင်း နေကြာသီးနှံလျာထားဧက ၁၀၀၀၀ ကျော် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေး

 

မြစ်ကြီးနား   ဒီဇင်ဘာ   ၆
ကချင်ပြည်နယ်အတွင်း   ‌ဒေသ ဝမ်းစာဖူလုံရေးအပြင်  ဆီစားသုံးမှု ဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာ      လျာထားချက်ပြည့်မီ အောင် သိပ္ပံနည်းကျ  စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုး ရေးသွင်းအားစုများ   ဖြည့်ဆည်း ပေးနိုင်ရေးအတွက်     ပြည်နယ် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများ၏   လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာ ၅ ရက် က ကျင်းပခဲ့သည်။ (အောက်ပုံ)
အစည်းအဝေးတွင်   ပြည်နယ် ဝန်ကြီးချုပ်    ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ၂၀၂၂-  ၂၀၂၃ ခုနှစ်အတွက် နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ခရိုင် အလိုက် လျာထားဧက ၁၀၆၄၀ ကို စီမံချက်ရေးဆွဲ ဆောင်ရွက် ထားခဲ့သော်လည်း   လျာထားဧက ထက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်သည့် မြေဧရိယာများလည်း   များစွာ ရှိနေကြောင်း၊  သို့ဖြစ်၍ မြေပြင် အမှန်ကွင်းဆင်းခြင်း၊ စိုက်ပျိုးနိုင် သည့် မြေဧရိယာဖော်ထုတ်ခြင်း၊ မျိုးကောင်းမျိုးသန့်နှင့်  ဈေးကွက် ရရှိရေးအပြင်    နည်းလမ်းတကျ လုပ်ဆောင်ရေးသည်   အရေးကြီး ကြောင်း မှာကြားသည်။
ထို့နောက်  ပြည်နယ်စိုက်ပျိုး ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်     နယ်စပ် ရေးရာဝန်ကြီး        ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တာဝန်ရှိသူ များက     နေကြာသီးနှံ    တိုးချဲ့ စိုက်ပျိုးနိုင်ရေး    မျိုးကောင်း မျိုးသန့်များ စုဆောင်းရရှိမှု၊   ခရိုင် အလိုက်    ဖြန့်ဖြူးမှုအခြေအနေ များ၊ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး    စည်းရုံးဆောင် ရွက်ထားရှိမှုများကို    ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ်သည် အဆိုပါအစည်း အဝေးခန်းမ၌    ကျင်းပသည့် ကိုဗစ်- ၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်း များကို    ကိုဗစ်- ၁၉ ရန်ပုံငွေမှ   ထုတ်ပေးထားသည့်  ချေးငွေများ ကို အကျိုးရှိစွာ အသုံးချမှုအပေါ် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့ ၏(၃/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးသို့    တက်ရောက်သည်။
အစည်းအဝေးတွင်  ပြည်နယ် ဝန်ကြီးချုပ်က ယခုအခါ  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူ များအနေဖြင့်     ချေးငွေကာလ သက်တမ်းနှစ်နှစ်စေ့ရောက်သည့် နေ့မှစ၍         နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်း     တိုးမြှင့်ပေး သဖြင့်         လုပ်ငန်းရှင်များက နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီ၏       ဖြေလျှော့ရေး နည်းလမ်းမျိုးစုံဖြင့်      ကြိုးစား ဆောင်ရွက်မှုကို နားလည်သဘော ပေါက်ပြီး   မိမိတို့၏ လုပ်ငန်းများ ကို အောင်မြင်အောင်      အကောင် အထည်ဖော်    ဆောင်ရွက်ကြရန်   ပြောကြားသည်။
ထို့နောက် စိစစ်ကြပ်မတ်ရေး အဖွဲ့ဝင်များနှင့် ကုမ္ပဏီ၊ လုပ်ငန်း ရှင်များက ချေးငွေဆိုင်ရာ လုပ်ထုံး လုပ်နည်း စည်းကမ်းချက်များနှင့် လိုအပ်သည်များ တင်ပြဆွေးနွေး ကြရာ     ပြည်နယ်ဝန်ကြီးချုပ်က  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)