ကချင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး ညှိနှိုင်းစည်းဝေး

 

မြစ်ကြီးနား  မတ်   ၁၂


ကချင်ပြည်နယ်အတွင်း ဆီထွက် သီးနှံများဖြစ်သည့်   နေကြာအပါ အဝင် အခြားဆီထွက်  သီးထပ် သီးနှံများ   ခရိုင်အလိုက်   တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် စီမံချက် ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၁ ရက် ညနေ ၄ နာရီခွဲတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး    မလိခခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင်    ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်က    ကချင်ပြည်နယ်သည် စိုက်ပျိုးရေးကို      အခြေခံပြီး သဘာဝမြေဆီ      မြေနှစ်များ၊ ရေအရင်းအမြစ်    ပေါများသည့် ပြည်နယ်တစ်ခု  ဖြစ်ပါကြောင်း၊ သို့သော်မိမိတို့ ပြည်နယ်အနေဖြင့် စားသုံးဆီဖူလုံမှုသည် ရာခိုင်နှုန်း အားဖြင့် ၅၀ ရာခိုင်နှုန်းသာ ရှိနေ သည့်အတွက် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်းချက်နှင့်အညီ ပြည်တွင်းဆီစားသုံးမှု   ဖူလုံစေ ရေးအတွက်    ဆီထွက်သီးနှံများ ဖြစ်သည့်    နေကြာအပါအဝင် မြေပဲ၊ နှမ်း၊ ပန်းနှမ်းနှင့် ဆီမုန်ညင်း များကို       တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊    သို့ဖြစ်ပါ၍    ဌာန ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်၏    ရေမြေသဘာဝနှင့် ကိုက်ညီပြီး ဆီစားသုံးမှု ဖူလုံစေ ရေး      အထွက်နှုန်းတိုးသည့် ဆီထွက်သီးနှံများကို   လက်တွေ့ ကျသော အစီအမံများဖြင့် စိုက်ပျိုး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း      တိုက်တွန်း မှာကြားသည်။


ထို့နောက် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး         အောင်ကြည်လင်းက ပြည်နယ်အတွင်း ဆီထွက်သီးနှံ များ   စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှု အခြေအနေများနှင့် တိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် ဆောင်ရွက်သွား မည့် အစီအမံများကို ရှင်းလင်း တင်ပြပြီး   ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊    လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်     စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်    ရေအရင်းအမြစ် အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တို့မှ    ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များက ခရိုင်အလိုက် စားသုံးဆီ ဖူလုံမှုအခြေအနေများ၊ ပြည်နယ် အတွင်း နှစ်အလိုက် ဆီထွက်သီးနှံ များ    စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှု အခြေအနေများ၊ နေကြာစိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှု အခြေအနေများ၊ ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့ စိုက်ပျိုးသွားမည့်  အစီအမံများ၊ အထွက်တိုးမျိုးစေ့များ တိုးမြင့်ရရှိ ရေးနှင့်   စိုက်ပျိုးနည်းပညာများ ဖြန့်ဝေဆောင်ရွက်သွားမည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြကြ သည်။


ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆီထွက် သီးနှံများကို ခရိုင်အလိုက် ဒေသ နှင့်    ကိုက်ညီပြီး    အောင်မြင် ဖြစ်ထွန်းနိုင်သည့်    သီးနှံများ စိုက်ပျိုးသွားနိုင်ရေးအတွက် အစီ အမံများကို စနစ်တကျ စီမံချက် ရေးဆွဲ၍   လက်တွေ့အကောင် အထည်ဖော်  ဆောင်ရွက်နိုင်ရေး ကြိုးပမ်း   ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို   ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)