
မြစ်ကြီးနား စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၏ စက်မှုလက်မှုလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဘိလပ်မြေကို ပြည်နယ်အတွင်း စက်ရုံတည်ဆောက် ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပသည်။
ဝိုင်းဝန်းပူးပေါင်းပါဝင်
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲအနေဖြင့် တိုင်းနှင့် ပြည်နယ်၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု လျှော့ချရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားထားပြီးဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအပြင် တည်ဆောက်ရေးလုပ်ငန်း များ၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာစေရေး အတွက် ပြည်နယ်ပြင်ပမှ မှာယူတင်သွင်းနေရသည့် ဘိလပ်မြေကို ပြည်နယ်အတွင်း၌သာ စက်ရုံ တည်ထောင်ထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေ စက်ရုံ အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
သုံးသပ်ဆွေးနွေး
ယင်းနောက် ပြည်နယ်အတွင်း အများပိုင် ဘိလပ်မြေစက်ရုံ အကောင်အထည်ဖော် တည် ဆောက်ရေးနှင့် ပတ်သက်၍ အသေးစိတ်လေ့လာ ဆန်းစစ်ခဲ့မှု အခြေအနေများ၊ ဘိလပ်မြေထုတ် လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ၊ လောင်စာပစ္စည်းများရရှိနိုင်မှုနှင့် ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ထွက်ရှိသည့် ဘိလပ်မြေများကို ဈေးကွက်အတွင်း ဖြန့်ဖြူးတင်ပို့ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စက်ရုံဖြစ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်း များ၊ လုပ်ငန်းစီမံကိန်းများအပေါ် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များ နှင့် ရင်းနှီးပွင့်လင်းစွာ အကြုံပြုသုံးသပ် ဆွေးနွေးကြ သည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီး ချုပ်က ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေး ပြည်နယ် အတွင်းမှ ဒေသခံ စီးပွားရေးလုပ်ငန်းအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့် အများပိုင် ဘိလပ်မြေ စက်ရုံဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်းဖြစ်သည့်အတွက် တိကျခိုင်မာ သည့် လုပ်ငန်းမူဘောင်များ ချမှတ်ဆောင်ရွက်နိုင်ရေး နှင့် ဘိလပ်မြေစက်ရုံ အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေး အချင်းချင်း စဉ်ဆက်မပြတ်တွေ့ဆုံ ညှိနှိုင်းသွားရေးတို့ကို ဆောင်ရွက်ပေးသည်။
ပြည်နယ်(ပြန်/ဆက်)