ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ၂၀၂၂ ခုနှစ် ရိုးရာကောက်သစ်စားပွဲတော် ကျင်းပ

 

မြစ်ကြီးနား    နိုဝင်ဘာ    ၂၆
ကချင်ပြည်နယ်အတွင်း   တောင်သူတို့၏လယ်ယာမှ တစ်နှစ်တာအတွင်း ဦးစွာရရှိသည့် ကောက်ဦးစပါး ပေါ်ချိန်တွင် ကျင်းပကြသည့်  အင်လုံအင်နန်ရှားပွဲဟု    ခေါ်ဆိုသည့် ရိုးရာကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲကို   ယခုနှစ်တွင်   နိုဝင်ဘာ  ၂၅  ရက်က  ကျင်းပသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့   ဦးဆောင်၍    ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ဒေသခံတောင်သူများစုပေါင်းပြီး ပထမဆုံး အကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ရိုးရာကောက်သစ်စား ပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲကို   မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း ဖြစ်သည်။
ကောက်သစ်စားပွဲတော်တွင် ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသူလေးများက လယ်ယာ ခြံထွက်သီးနှံများ ပါဝင်သည့် ကောက်ဦးပလိုင်းများ သယ်ဆောင်၍  သိက္ခာတော်ရဆရာတော်များက ကောက်ဦးပလိုင်း များအတွက်  ဆုတောင်းဆက်ကပ်ပေးသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်   ဦးခက်ထိန်နန် က    ကချင်ပြည်နယ်အတွင်း    ရိုးရာပွဲတော်များစွာ ရှိသည့်အနက်    ယခုလို    စပါးရိတ်သိမ်းပြီးချိန်တွင် ဦးဦးဖျားဖျားရရှိသည့်   ကောက်ဦးကောက်သစ်ကို ယခုကဲ့သို့ တိုင်းရင်းသားပြည်သူများ၊ တောင်သူများ နှင့် အတူတကွစုပေါင်း၍ ကျေးဇူးတော်ချီးမွမ်းခွင့်၊ အတူတကွသုံးဆောင်ခွင့်ရသည့်အတွက်  ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ယင်းနောက် သိက္ခာတော်ရဆရာတော်များနှင့် တက်ရောက်လာကြသူများက ဆုတောင်းဆက်ကပ် အပ်နှံခြင်းနှင့်   ဂုဏ်တော်သီချင်းများ     သီဆိုကြပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များက  လယ်ယာခြံထွက်သီးနှံများအတွက် ကျေးဇူး တော်ချီးမွမ်းခြင်းနှင့်   သိက္ခာတော်ရဆရာများနှင့် ကတ်သလစ်ဘုန်းတော်ကြီးတို့က  ဓမ္မဒေသနာတော် ဟောကြားခြင်းတို့  ဆောင်ရွက်ကာ  သိက္ခာတော်ရ ဆရာ မဒိန်ဇုန်းကျန်းက     ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးခဲ့သည်။
ဆက်လက်၍    ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်းတို့က ကောက်ဦးပလိုင်းလက်ဆောင်များ ကို ပြည်နယ်တရားလွှတ်တော်  တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များထံသို့  လည်းကောင်း၊   ကောက်ဦးပလိုင်းနှင့် အလှူငွေများကို ဘာသာရေးအသင်းတော်ခေါင်းဆောင် များထံလည်းကောင်း တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တိုင်းရင်းသား တိုင်းရင်းသူလေးများက ကချင် တိုင်းရင်းသားတို့၏ ရိုးရာကောက်သစ်စားပွဲတော် တေးသီချင်းအကအလှများဖြင့်    ကပြဖျော်ဖြေ တင်ဆက်မှုကို တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြပြီး  တစ်နှစ်တာအတွင်း   ပထမဆုံး ထွက်ရှိသည့်စပါးကို    ကြိတ်ခွဲကာ   ဦးစွာရရှိသည့် ဆန်/ ကောက်သစ်ကို နေ့လယ်စာအဖြစ် အတူတကွ ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)