
မြစ်ကြီးနား မေ ၁၄
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လတ်တလောနယ်မြေမတည်ငြိမ်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများ အမိုး/ အကာ အောက်တွင် လုံခြုံစွာ နေထိုင်စားသောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၃ ရက် ညနေပိုင်းက ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင် စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်သူကြီး ချုပ်နှင့် တာဝန်ရှိသူများသည် ဝိုင်းမော်မြို့ ရပ်ကွက် (၃) ယူကလစ်ကုန်း၌ အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၂၀၀ ကျော်တို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ငွေကျပ် သိန်း ၁၀၀ ကျော်ပံ့ပိုးမှုဖြင့် စက်ရေတွင်း၊ ရေအိမ်သာ အပါအဝင် သွပ်မိုး၊ ဝါးခင်း၊ ထရံကာ နေအိမ်တန်းလျား များ တည်ဆောက်နေမှုအခြေအနေများကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေအိမ်တန်းလျား တစ်ဆောင် ထပ်မံတည်ဆောက်နိုင်ရေးအတွက် ဝါး၊ သွပ်/ သံ ဝယ်ယူနိုင်ရေး၊ လျှပ်စစ်မီး Service ကြိုး သွယ်တန်းနိုင်ရေးအတွက် ငွေကျပ်သိန်း ၅၀၊ မီတာ တပ်ဆင်နိုင်ရေး ငွေကျပ် ၅ သိန်း စသည့်လိုအပ်ချက် များကို ဖြည့်ဆည်းထောက်ပံ့ပေးခဲ့သည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထိုမှတစ်ဆင့် မိုင်းနားကျေးရွာအုပ်စု မခေါယန် ကျေးရွာအတွင်းရှိ ကက်သလစ်အသင်းတော် ကျောင်းဝင်းအတွင်း ယာယီတိမ်းရှောင်လာကြသည့် အိမ်ထောင်စု ၁၂၅ စု၊ လူဦးရေ ၄၀၀ ကျော်တို့အတွက် မိုးမကျမီ ယာယီနေအိမ်များ တည်ဆောက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၁၅၆ သိန်း ထောက်ပံ့ ပေးမှုဖြင့် ရေအိမ်သာ ခြောက်လုံးနှင့် စက်ရေတွင်း များအပါအဝင် သွပ်မိုး၊ ဝါးခင်း၊ ထရံကာ၊ နေအိမ် တန်းလျားများ တည်ဆောက်ပြီးစီး၍ မိသားစုများ နေရာချထားပေးမှု လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိသားစု များ လုံခြုံစွာ နေထိုင်စားသောက်နိုင်ရေး ထပ်မံ ပြုပြင်/ အသစ် တည်ဆောက်ရမည့်ကိစ္စရပ်များ၊ ကလေးများ ကျောင်းအပ်နှံနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင် ရေးနှင့် အမိုး/ အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ပါက မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးကို တာဝန်ရှိသူ များနှင့် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)