
မြစ်ကြီးနား သြဂုတ် ၆
မြစ်ကြီးနားတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၅ ရက် ညနေ ၃ နာရီခွဲ က တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးပြီး ဆုချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ အမျိုးသားဗိုလ်လု ပွဲစဉ်အဖြစ် သမိုင်းအသင်းနှင့် ဘူမိအသင်းတို့ ယှဉ်ပြိုင်ကစားမှု ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် အောင်မျိုးဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြရာ သမိုင်း အသင်းက ဘူမိအသင်းကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများ၊ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးတို့က အမျိုးသား/ အမျိုး သမီးအသင်းများမှ နေရာအလိုက် အကောင်းဆုံး ကစားသမားဆု များ၊ အကောင်းဆုံးကစားသမား ဆုများနှင့် တတိယ၊ ဒုတိယဆုရ အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကို အသီးသီး ပေးအပ်ချီးမြှင့် ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လူမှု ရေးရာဝန်ကြီးက အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆုရအမျိုး သမီး အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်းနှင့် ဒိုင်းဆုကိုလည်း ကောင်း၊ ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်က အမျိုး သားဘောလုံးပြိုင်ပွဲ ပထမဆုရ အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်း နှင့် ဒိုင်းဆုတို့ကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
အဆိုပါ မြစ်ကြီးနား တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင် နှစ် ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်မှစတင်၍ တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ အမျိုးသား ပြိုင်ပွဲဝင်ဘောလုံးအသင်း ၁၀ သင်း၊ အမျိုးသမီးပြိုင်ပွဲဝင် ဘောလုံးအသင်း ငါးသင်းတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)