ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

ပူတာအို  ဇွန်   ၁


ကချင်ပြည်နယ်         အစိုးရအဖွဲ့ဝင် ပြည်နယ်   သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်   အဖွဲ့ဝင်များသည် မေ ၃၀ ရက်က   ခုတင်  (၁၀၀)ဆံ့ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၌ တာဝန် ထမ်းဆောင်နေသော   ကျန်းမာရေး ဝန်ထမ်းများအား   တွေ့ဆုံအားပေး စကား ပြောကြားသည်။
ထိုသို့   တွေ့ဆုံစဉ်   ပြည်နယ် ဝန်ကြီးက        ပူတာအိုခရိုင်အတွင်း မြို့နယ်ငါးမြို့နယ်၌      နိုင်ငံ့တာဝန်     ထမ်းဆောင်နေသော ဝန်ထမ်းစုစုပေါင်း   ၃၂၀၀ ရှိကြောင်း၊   အဆိုပါ  ဝန်ထမ်း များ စားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ    အထောက်အကူဖြစ်စေ ရန် ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်    အခြေခံစားသောက်ကုန်များကို   မြန်မာ အမျိုးသား     လေကြောင်းလိုင်းဖြင့် မြစ်ကြီးနားမှ ပူတာအိုသို့ တင်ပို့လျက်ရှိ ရာ   နှစ်ကြိမ်ရောက်ရှိပြီဖြစ်ကြောင်း၊ ထပ်မံ၍လည်း  ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက်ပါ သက်သာသော    နှုန်းထားဖြင့် ဖြန့်ဖြူးပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊   ပူတာအို -  ဆွမ်ပရာဘွမ် - မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးကိုလည်း အမြန်ဆုံး ဖွင့်လှစ် နိုင်ရေး   ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍          ပူတာအိုခရိုင်  ပြည်သူ့ဆေးရုံ ခုတင်(၁၀၀)ဆံ့ ဆေးရုံ အုပ်   ဒေါက်တာ   သန့်ဇင်ထွန်းက    ပူတာအိုခရိုင်  ပြည်သူ့ဆေးရုံ  ဆရာ ဆရာမများအနေဖြင့်  ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု    လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆေးဝါး ရရှိရေးနှင့် အခြားလိုအပ်ချက်များကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး က  တင်ပြချက်များအပေါ် ပေါင်းစပ်   ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုခရိုင်     ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု         ခံယူနေသူမျာအား ရင်းရင်းနှီးနှီး       တွေ့ဆုံအားပေး စကားပြောကြားသည်။


      ခရိုင်(ပြန်/ဆက်)