
နေပြည်တော် မတ် ၁၉
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ၌ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရ သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မိုးညှင်း မြို့နယ် ကြာကြီးကွင်းကျေးရွာ အနီး၌ သန်းစိုးအောင်(ခ) လပြည့် မောင်းနှင်ပြီး သက်နိုင်ဦး(ခ) ဖိုးပိန် လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော် ယာဉ်နှင့် ဖြိုးသူကျော် မောင်းနှင် ပြီး ဝင်းဟိန်း လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်တို့ကို သတင်း အရ စစ်ဆေးရှာဖွေရာ အဆိုပါ ယာဉ် နှစ်စီးပေါ်မှ ထိန်းချုပ်ဓာတု ပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် သိမ်းဆည်းရ မိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်