ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား  သြဂုတ်  ၈


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို  အရပ်ဘက်အဖွဲ့အစည်းများ၊  ဘာသာရေးအဖွဲ့ အစည်းများဖြင့်    ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ယနေ့    မွန်းလွဲ  ၁  နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကက်သလစ်အသင်း တော်ပိုင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများပြုစု စောင့်ရှောက်ရေးစခန်းများသို့       သွားရောက်ပြီး ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။


ထောက်ပံ့ငွေများပေးအပ်


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနား မြို့ အောင်နန်းရပ်ကွက်ရှိ  စိန်ကိုလန်ဘန်  ကသီဒြယ် ကက်သလစ်အသင်းတော်ပိုင်  ကိုဗစ်-၁၉  ရောဂါ အတည်ပြုလူနာများ  ပြုစုစောင့်ရှောက်ရေးစခန်း၌ ဘုန်းတော်ကြီး၊ ဆရာဝန်နှင့် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍  လူနာများအား ပြုစုစောင့်‌ရှောက်ပေးနေမှုလုပ်ငန်းများ၊ လိုအပ်ချက် များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က  ပြည်သူ့ဆေးရုံကြီးနှင့်  ချိတ်ဆက် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီ ပေးနိုင်ရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ  အသင်း တော်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် စေတနာ့ဝန်ထမ်း များ လူမှုရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေ များကို ပေးအပ်သည်။


ထို့နောက် ဒူကထောင်ရပ်ကွက်ရှိ  စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကလေးသူငယ်ဖွံ့ဖြိုးရေး ဂေဟာအတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ပြုစုစောင့်ရှောက် ရေးစခန်းအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စေတနာ့ဝန်ထမ်းလူငယ်များဖြင့် စုဖွဲ့ဆောင်ရွက် ထားရှိမှုများကို  အသင်းတော်တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး     ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က တစ်ကိုယ်ရေ သုံးကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် ထောက်ပံ့ငွေများကို    ထောက်ပံ့ပေးအပ်ခဲ့ကြကာ ထိုမှတစ်ဆင့်  စီတာပူရပ်ကွက်အတွင်းရှိ  စိန့်ပက် ထရစ်အသင်းတော်ပိုင်ကျောင်းဝင်းအတွင်း  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ပြုစုစောင့်ရှောက် မှုလုပ်ငန်းများ  ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းထိုင်ဘုန်းတော်ကြီးဒေါက်တာပီတာခါးအောင်တူးထံ တစ်ကိုယ် ရေသုံးကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။


ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ရှိ  ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများ  သီးသန့် ထားစောင့်ကြည့်ကုသပေးလျက်ရှိသည့် ဖုန်ဂန်ရာဇီ အမျိုးသားဆောင်နှင့်   ဆဒုံးဘွမ်အမျိုးသမီးလူနာ ဆောင်များတွင် လူနာများအား  အားပေးစကား ပြောကြားပြီး         စေတနာ့ဝန်ထမ်းများအတွက် လိုအပ်ချက်များကို  မေးမြန်းဖြည့်ဆည်းဆောင်ရွက် ပေးကာ ထောက်ပံ့ငွေများကို ပေးအပ်သည်။

 


ပြည်နယ်(ပြန်/ဆက်)