
မြစ်ကြီးနား စက်တင်ဘာ ၁၅
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ တရုတ် ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ် ယဉ်ကျေးမှုသင်တန်းကျောင်းတွင် တရုတ် ယူနန်ဘုံကျောင်းအဖွဲ့မှ ဦးဆောင်၍ ကိုယ်ထူကိုယ်ထ စရိတ်ကျခံစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစင်တာ၌ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အသင်း အဖွဲ့အသီးသီးမှ ပူးပေါင်းဆောင် ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးနှံရန် လာရောက် သူများအား နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် ယူနန်ဘုံကျောင်း အဖွဲ့နှင့် ပါဝင်ကူညီဆောင်ရွက် နေကြသည့် အသင်းအဖွဲ့များ အတွက် ထောက်ပံ့ငွေကျပ် ၁၁ သိန်းခွဲကို ထောက်ပံ့ပေးအပ်ခဲ့ သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌ မိုးညှင်း ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ကွင်း ဆင်း၍ ကူညီဆောင်ရွက်ပေး ကြမည့် ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း အဖွဲ့များအတွက် ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့မှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံးပစ္စည်းများ ထောက် ပံ့ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက် ပြီး ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ် အခမဲ့ ဆေးဝါး ကုသရေးဖောင်ဒေးရှင်း အနေ ဖြင့် မိုးညှင်းခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိသော ကျေးရွာများနေ ပြည်သူလူထု အတွက် ယခုလို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး နယ် လှည့်ကွင်းဆင်း ကုသပေးမည် ဖြစ်သည့်အတွက် မိမိတို့အစိုးရ အဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိသည့် အပြင် လိုအပ်သည်များ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အားပေး ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့သည့် ငွေကျပ် သိန်း ၁၀၀ နှင့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအလုံး ၁၀၀ ၊ Oxygen Concentrator ၅ လီတာ အိုး ငါးလုံးနှင့် ၁၀ လီတာအိုး ငါးလုံးအပါအဝင် PPE ဝတ်စုံ ၂၃၀၊ နှာခေါင်းစည်း ၃၀၀၀၀၊ မျက်နှာ ကာ ၆၀၀၊ မျက်မှန် ၁၅၀၊ လက် အိတ် ၃၀၀၀၊ ခြေစွပ် ၃၀၀၀၊ ခေါင်းစွပ် ၃၀၀၀၊ ဆပ်ပြာခဲ ၂၀၀၀၀ နှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ နှာခေါင်းစည်း ၂၀၀၀၀၊ PPE ဝတ်စုံ ၅၀၀ ၊ ရိုးရိုးဝတ်စုံ ၂၀၀၀၊ လက်ဆေးရည် ဘူး ၂၀၀၊ ခြေစွပ် ၁၀၀၀နှင့် ဆေးဝါးပစ္စည်းများကို ဖောင်ဒေး ရှင်းဥက္ကဋ္ဌ ဒေါက်တာဘွမ်ယွမ်ထံ ထောက်ပံ့ပေးအပ်ရာ ဖောင်ဒေး ရှင်းဥက္ကဋ္ဌက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း အနေဖြင့် မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်း၊ နမ္မတီးမြို့များအပါအဝင် နန့်မွန်း၊ နမ္မား၊ လယ်မှီး၊ ပင်းဘော၊ နမ္မန၊ တောင်နီနှင့် ဆားမှော်ကျေးရွာ များသို့ ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)