ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်၌ အမိုနီယမ်နိုက်ထရိတ်(ယမ်း)သိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

 

နေပြည်တော်   အောက်တိုဘာ  ၁၁


ကချင်ပြည်နယ်၊    လိုင်ဇာဒေသ၊     မုန်လိုင်ချက် တွင် အောက်တိုဘာ ၉ ရက် ညပိုင်းက ပေါက်ကွဲ မှုများဖြစ်ပွားခဲ့ပြီး KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်    သေဆုံး/ဒဏ်ရာများ   ရရှိခဲ့ကာ    အဆိုပါ ဖြစ်စဉ်နှင့်    ပတ်သက်၍     အချို့မီဒီယာများက တပ်မတော်အပေါ်     ဝေဖန်တိုက်ခိုက်လိုသည့် သဘောဖြင့်   မဟုတ်မမှန်  စွပ်စွဲပြောဆိုရေးသား လျက်ရှိရာ  အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေး    အဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက်    အပြည့်အစုံကို    ဖော်ပြ လိုက်ပါသည် -


ဗိုလ်ချုပ်   ဇော်မင်းထွန်းက   ‘‘ကချင်ပြည်နယ်           လိုင်ဇာ  မုန်လိုင်ချက်မှာ အောက်တိုဘာ  ၉ ရက်  ညပိုင်းက  ပေါက်ကွဲမှုဖြစ်ပွားပြီး  KIA  အဖွဲ့ဝင် တချို့နဲ့   မိသားစုတချို့   ထိခိုက်ဒဏ်ရာရသေဆုံး တာတွေ    ရှိခဲ့တယ်ဆိုတဲ့     သတင်းနဲ့ပတ်သက် ပြီး   မနေ့ကလည်း  ကျွန်တော်ပြောခဲ့ပြီး   ဖြစ်ပါ တယ်။  ဒီနေ့မှာ  ထပ်မံသတင်းဖော်ထုတ်ချက်တွေ၊ ကျွန်တော်တို့ရဲ့ အမာခံသတင်းပေးတွေရဲ့ သတင်း ပေးပို့ဖော်ထုတ်ချက်တွေအရ    ဖော်ထုတ်ရရှိတဲ့ သတင်းကို ပြောပေးမှာဖြစ်ပါတယ်။ ပထမအချက် က  မုန်လိုင်ချက်  ဒုက္ခသည်စခန်းဆိုပြီး   အမည်ခံ ထားတာ  ဖြစ်ပါတယ်။  အဲဒီနားလေးမှာ   KIA  သင်တန်းကျောင်း    တစ်ခုရှိတယ်။     အဲဒီသင်တန်း ကျောင်းမှာ    အမိုနီယမ်နိုက်ထရိတ်    ယမ်းတွေ သိုလှောင်ထားတာရှိတယ်။           ကျွန်တော်တို့ရဲ့  ဖော်ထုတ်ချက်အရ  အဲဒီယမ်းတွေကို  KIA အဖွဲ့က ခေါင်းဆောင်တွေ၊  နောက်ပြီး ဒေါ်အားလီ (ခေါ်) အားလီကျဲပိုင်တယ်ဆိုတာလည်း   ဖော်ထုတ်ရရှိခဲ့ ပါတယ်။ ၉ ရက်နေ့ ညပိုင်းက အဲဒီမှာမတော်တဆမှု ဖြစ်ပွားပြီးတော့   ရုတ်တရက်   ပေါက်ကွဲတာဖြစ် တယ်လို့လည်း   သတင်းဖော်ထုတ်   ရရှိခဲ့ပါတယ်။  ဒါနဲ့ပတ်သက်ပြီး     တရုတ်နိုင်ငံ      နယ်စပ်ဂိတ် တွေမှာလည်း      တရုတ်နိုင်ငံ      ရဲတပ်ဖွဲ့ဝင်တွေက အကြောင်းရင်းကို   စုံစမ်းစစ်ဆေးမှုတွေ    ဆောင် ရွက်လျက်ရှိတယ်လို့           သတင်းရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း   တချို့မီဒီယာတွေမှာ တက်လာတဲ့ပုံတွေ တွေ့ရပါလိမ့်မယ်။ အဲဒီပုံတွေ ကို သေသေချာချာကြည့်ရင် ဒီဟာသည် ပေါက်ကွဲ မှုဖြစ်ခဲ့တဲ့နေရာ၊     ပွင့်ထွက်သွားတဲ့    နေရာတစ်ခု ဖြစ်မှန်း သိသာတယ်လို့ ပြောချင်တယ်။  ဒုတိယ အချက်အနေနဲ့  ဒီကိစ္စကိုတပ်မတော်က  ဆောင်ရွက် ခဲ့ခြင်းမဟုတ်ဘူး။     တပ်မတော်အနေနဲ့      သူတို့ စွပ်စွဲသလို    ဗုံးကြဲတာ၊   ပစ်ခတ်တာတွေ   မရှိခဲ့ ပါဘူး။ သူတို့အနေနဲ့ တပ်မတော်က ဗုံးကြဲပစ်ခတ် ခဲ့တယ်ဆိုရင်  ယခင်ကလည်း  လက်နက်ကိုင်အဖွဲ့ တွေရဲ့    ထုတ်ပြန်ချက်တွေကို   တွေ့ပါလိမ့်မယ်။ တပ်မတော်က ပစ်ခတ်ခဲ့တယ်ဆိုပြီး ကျည်ခွံတွေ၊ ကျည်စတွေ၊   သက်သေခံပစ္စည်းတွေ   ထုတ်ပြပြီး လုပ်တာမျိုးတွေရှိခဲ့တယ်။ တချို့ကလည်း လုပ်ကြံ ပြီး လုပ်ပြတဲ့ ပုံစံမျိုးတွေဖြစ်ပါတယ်။ အခုအချိန်မှာ  ဒီပေါက်ကွဲမှုကြောင့် လူတွေဆုံးရှုံးခဲ့တာကိုလည်း ကျွန်တော်တို့သိရပါတယ်။ အစိုးရအနေနဲ့ကတော့ ဒီကာလဟာ   NCA   လက်မှတ်    ရေးထိုးထားတဲ့ ၈ နှစ်ပြည့်ကာလဖြစ်တယ်။ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေအားလုံးကို  NCA  နှစ်ပတ် လည်နေ့   တက်ဖို့အတွက်    ဖိတ်ခေါ်ထားတယ်။ အနှစ်သာရရှိရှိလုပ်ဖို့   လုပ်နေတယ်။   အဲဒီအချိန် အတွင်းမှာ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်မှု အနည်း ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီအချိန်မျိုးမှာ     တပ်မတော်အနေနဲ့     လုပ်စရာ အကြောင်းမရှိဘူး။ မနေ့က ကျွန်တော်ပြောသလိုပဲ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထား ပြီး    ဆောင်ရွက်နေတာဖြစ်တယ်။    ကျွန်တော်တို့ အနေနဲ့   လုပ်စရာအကြောင်းမရှိဘူးလို့    ပြောလို ပါတယ်။ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေနဲ့ ပတ်သက် ပြီး ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သဘောထားကတော့  တိုက်ပွဲမှာပဲဖြစ်ဖြစ်၊ ပဋိပက္ခတွေမှာပဲဖြစ်ဖြစ် ထိခိုက် ဒဏ်ရာရ သေဆုံးရင် ကျွန်တော်တို့နိုင်ငံသားတွေပဲ သေဆုံးတာ၊ ဆုံးရှုံးတာဖြစ်တယ်။ KIA ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေပဲဖြစ်ဖြစ်    သေဆုံးရင်လည်း      ဒီလူတွေဟာ  ကျွန်တော်တို့နိုင်ငံသားတွေပဲဖြစ်ပါတယ်။ ဒီအတွက်  ကျွန်တော်တို့အစိုးရအနေနဲ့       ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ နောက်ထပ်ပြောလိုတာက KIA  အနေနဲ့ ဒုက္ခသည်စခန်းအမည်ခံ လေ့ကျင့်ရေးစခန်း တွေ၊ ဒုက္ခသည်စခန်းအမည်ခံ KIA အဖွဲ့ အခြေချ နေတဲ့   စစ်စခန်းတွေ   အမြဲတမ်းလုပ်လေ့လုပ်ထ ရှိပါတယ်။ ဒါတွေဟာ တိုင်းရင်းသားပြည်သူလူထု တွေကို ထိခိုက်နစ်နာစေပါတယ်။ ဒါ့ကြောင့် လူသား ချင်း  လူသားတံတိုင်းသဖွယ် စစ်ရေးစစ်ရာမှာ အသုံး မပြုဖို့၊ ပြီးရင် ရပ်ရွာ၊ ကျေးရွာတွေအနားမှာ ခဲယမ်း တွေ၊  ပေါက်ကွဲစေတတ်တဲ့  ပစ္စည်းတွေ၊ သိုလှောင် တာတွေမလုပ်ဖို့၊   အန္တရာယ်များတဲ့   အလုပ်တွေ ဖြစ်တယ်လို့     ကျွန်တော်ပြောချင်ပါတယ်’’     ဟု ပြောကြားခဲ့သည်။


သတင်းစဉ်