ကချင်ပြည်နယ် IDPs Camp ရှိ မိသားစုများအား စားသောက်မှုအဆင်ပြေစေရေး ဆန်အိတ်များ ထောက်ပံ့

 

 

မြစ်ကြီးနား   ဇူလိုင်   ၁၂


ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာ သည်နှင့်အမျှ IDPs စခန်းနေမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် မြစ်ကြီးနား မြို့နယ်အတွင်းရှိ  IDPs စခန်း‌များသို့  ဇူလိုင်  ၁၁  ရက်က ဆန်အိတ်များ သွားရောက် ထောက်ပံ့ပေးသည်။
ရှေးဦးစွာ        ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ         အဖွဲ့ဝင် ဦးတိန့်ဆောင်နှင့်အတူ  မြစ်ကြီး နားမြို့          လယ်ကုန်းရပ်ကွက်၊ ဇီးအုန်နှစ်ခြင်း    ခရစ်ယာန်ဝင်း အတွင်းရှိ IDPs စခန်း၌ မလိယန်၊ ဇီးအုန်၊ ဗက်လင် IDPs  စခန်းများမှ တာဝန်ရှိသူများ၊      စခန်းနေ မိသားစုများနှင့်            တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှု များပြားလာသည်နှင့်အမျှ IDPs စခန်းနေမိသားစုများ၏ နေထိုင် စားသောက်မှု အဆင်ပြေစေရေး ယခုလို လာရောက်ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊           မိသားစု များအနေဖြင့် သက်ဆိုင်ရာစခန်း များအတွင်း ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်ပွားမှု                မရှိစေရေး ကာကွယ်ရေး      လုပ်ငန်းများကို လိုက်နာ          ဆောင်ရွက်ကြရန်  လိုအပ်ကြောင်း၊    မိမိတို့အနေဖြင့်   လိုအပ်သည့်      အခက်အခဲများကို ဖြည့်ဆည်းပေးနိုင်ရေး       စီမံ   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း     ပြောကြားသည်။
ယင်းနောက် IDPs စခန်းများ မှ တာဝန်ခံများနှင့် မိသားစုများက နေထိုင်စားသောက်ရေးနှင့် စခန်း များ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်း        လိုအပ်ချက်များနှင့် တွေ့ကြုံရသည့်       အခက်အခဲများ ကို တင်ပြကြရာ ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး   စခန်းနေ မိသားစုများအတွက် ဆန်အိတ် ၄၅      အိတ်နှင့်    ကိုဗစ်-၁၉  ကာကွယ်ရေးသုံး       နှာခေါင်းစည်း များကို           ထောက်ပံ့ပေးအပ် သည်။
ထိုမှတစ်ဆင့်    မော်ဖောင်း ကျေးရွာ      လော်ဝေါ်စခန်း၌ လော်ဝေါ်နှစ်ခြင်း     IDPs   စခန်း၊ နန်းကွေ့ကျေးရွာ  စိန်ယောဟန် စခန်းနှင့်   ကဘုဒန်းစခန်းတို့မှ တာဝန်ရှိသူများ၊ မိသားစုများနှင့် တွေ့ဆုံပြီး  အားပေးစကားပြော ကြားကာ စခန်းတာဝန်ခံများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်  ပြည်နယ်ကောင်စီအဖွဲ့ ဝင်တို့က   လိုအပ်ချက်များ  ဖြည့် ဆည်းပေးနိုင်ရေး စီမံဆောင်ရွက် ပေးကာ ဆန်အိတ် ၁၆ အိတ်နှင့် နှာခေါင်းစည်းများကို ထောက်ပံ့ ပေးအပ်ကြသည်။
အလားတူ   ဂျာမိုင်ကောင်း စိန့်ပေါလ် RC  စခန်း၌      နှစ်ခြင်း IDPs ၊ RC    စခန်းနှင့်   ပမ္မတီး နယ်မြေ(၁)   IDPs   စခန်းတို့မှ စခန်းတာဝန်ခံများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉    ရောဂါဖြစ်ပွားစဉ် ကာလအတွင်း   လိုအပ်ချက်များ နှင့် ပတ်သက်၍ မေးမြန်းဆွေးနွေး ကာ  စခန်းများနေ   မိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေ စေရေးအတွက်     အခြေခံစား သောက်ကုန်များ ထောက်ပံ့ပေးနိုင် ရေးနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ် သက်၍ စခန်းများအတွင်း အသိ ပညာပေးခြင်း၊     ကျန်းမာရေး စစ်ဆေးခြင်း       လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး          စီမံ ဆောင်ရွက်ပေးပြီး ဆန်အိတ် ၃၉ အိတ်နှင့်     နှာခေါင်းစည်းများကို   ထောက်ပံ့ပေးအပ်ကြသည်။
ပြည်နယ် 
(ပြန်/ဆက်)