ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းသစ်များအား လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်

 

မြစ်ကြီးနား   ဧပြီ    ၂၁


ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ရာထူးတိုးမြှင့်ခန့်အပ်ပေးလိုက်သည့် ဝန်ထမ်းအသစ်များအား လုပ်ငန်းခွင်အကြိုသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၁ ရက် နံနက် ၉ နာရီက ယင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြား သည်။

 


သင်တန်းဖွင့်ပွဲ  အခမ်းအနား တွင်    ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများနှင့်   သင်တန်းသား  သင်တန်းသူများအား    မိမိတို့ ဒေသခံတောင်သူများ    စိုက်ပျိုး ထုတ်လုပ်သည့်  သီးနှံများအားလုံး အရည်အသွေး ကောင်းမွန်စွာဖြင့် ဈေးကွက်ကို      တင်ပို့နိုင်ရေး၊ ကုန်ကြမ်းအနေဖြင့်    သာမက ကုန်ချောအဆင့်အထိ  ထုတ်လုပ် နိုင်ရေး၊    ပြုပြင်ထုတ်လုပ်လိုက် သည့် အသီးအနှံအစားအစာများ သည်လည်း အရည်အသွေးပြည့်မီ ရေး   ကြိုးစားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊    စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၏ ပညာ ရည်မြင့်မားမှု၊ ဒေသခံတောင်သူ များအပေါ် စိုက်ပျိုးရေးနည်းပညာ များ ဖြန့်ဝေပေးနိုင်မှုသည် အဓိက ကျသည့်    အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ယနေ့သင်တန်း သည်   တောင်သူများ၏   အကျိုး စီးပွား      ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် သင်တန်း တစ်ခုဖြစ်သည့်အတွက် သင်တန်း သားများအနေဖြင့် ပို့ချလိုက်သည့် နည်းပညာများကို    ကျွမ်းကျင် တတ်မြောက်အောင်   လေ့လာ သင်ယူကြရန်နှင့် တောင်သူများထံ နည်းမျိုးစုံဖြင့်  အသိပညာပေးနိုင် ရေး ကြိုးပမ်းတာဝန်ထမ်းဆောင် ကြရန် လိုအပ်ပါကြောင်း မှာကြား သည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်က သုံးရက်ကြာဖွင့်လှစ်သွား မည့်     အဆိုပါသင်တန်းသား သင်တန်းသူ       ၁၁၄      ဦးတို့ အား   သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ သင်တန်း တွင် ပြည်နယ်ဦးစီးမှူး ဦးဌေးလွင် နှင့် အရာထမ်းများက လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များ၊      စိုက်ပျိုးတိုးချဲ့ခြင်း ပညာပေးနည်းပညာများ၊ စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်း များ၊  မြေသြဇာဥပဒေနှင့် မြေအသုံး ချရေးဆိုင်ရာ   နည်းလမ်းများ၊ ပိုးမွှားအန္တရာယ် ကာကွယ်နှိမ်နင်း ရေးနည်းများကို   စာတွေ့လက်တွေ့ သင်ကြား  ပို့ချပေးသွားမည်ဖြစ် သည်။        

 

ပြည်နယ်(ပြန်/ဆက်)