ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝင်းအတွင်း၌ တစ်ရက်လျှင်  လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၈၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံစတင်ဖွင့်လှစ်

 

 

နေပြည်တော်   ဩဂုတ်    ၃၀


ကချင်ပြည်နယ်   မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ   ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနရုံးဝင်းအတွင်း၌ ဆောက်လုပ် ထားသည့်   အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို   ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီး ချုပ် ဦးခက်ထိန်နန်၊   မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်        တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ ဝင်များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ ဝန်ကြီးချုပ်က  အမှာ စကားပြောကြားသည်။  ထို့နောက် ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့က အောက်ဆီဂျင်စက်ရုံ  အဆောက် အအုံကို   ဖဲကြိုးဖြတ် ဖွင့်လှစ်၍   အောက်ဆီဂျင်စက်ရုံ   ဆိုင်းဘုတ် နှင့်    အောက်ဆီဂျင်စက်ရုံအတွင်း ရှိ  အောက်ဆီဂျင်စက်တို့ကို စက် ခလုတ်နှိပ်ဖွင့်လှစ်ကာ       စတင် လည်ပတ်ပေးကြပြီး  အောက်ဆီ ဂျင်စက်ရုံကို   လှည့်လည်ကြည့်ရှု ကြသည်။ (ဝဲပုံ)
အဆိုပါစက်ရုံမှာ  တစ်ရက် လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုး  အလုံး ၈၀ ခန့်  ထုတ်လုပ်နိုင် မည်ဖြစ်ပြီး      ကချင်ပြည်နယ် အတွင်းရှိ   ကိုဗစ်-၁၉ ကုသရေး နှင့်   အောက်ဆီဂျင်လိုအပ်မှုများ ရှိပါက       အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင် ရွက်ထားရှိကြောင်း   သတင်းရရှိ သည်။                     
သတင်းစဉ်