ကိုယ်တိုင်ထုတ်လုပ်ထားသည့် လျှပ်စစ်ကားစီးရီးအသစ်ကို ဟွန်ဒါ မိတ်ဆက်သွားမည်

 

တိုကျို   ဇန်နဝါရီ   ၁၀


ကိုယ်တိုင်ထုတ်လုပ်ထားသည့်   လျှပ်စစ်ကား       စီးရီးအသစ်ကို  ၂၀၂၆  ခုနှစ်တွင်   မိတ်ဆက် သွားရန်    အစီအစဉ်ရှိကြောင်း     ဟွန်ဒါကား ကုမ္ပဏီက ကြေညာခဲ့သည်။ 


တစ်ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားဈေးကွက် တွင် ဟွန်ဒါ၏ပါဝင်ပတ်သက်မှုကို  တိုးချဲ့ရန် ကုမ္ပဏီ၏    ပထမဆုံးခြေလှမ်းဖြစ်ကြောင်း ပြောသည်။  ဂျပန်ကားကုမ္ပဏီဖြစ်သည့် ဟွန်ဒါ သည်   လက်စ်ဗီးဂတ်တွင်    နှစ်စဉ်ပြုလုပ်သည့် နည်းပညာပြပွဲ၌     ဟွန်ဒါဇီးရီုးစီးရီးမော်ဒယ် နှစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ အာရှနှင့်  အခြား နေရာများတွင်  ရောင်းချခြင်းမပြုမီ  မြောက် အမေရိကတွင်  ပထမဆုံးအကြိမ်   မိတ်ဆက် သွားမည်ဖြစ်သည်။     သေးငယ်သည့်    ဖရိန် တစ်ခုနှင့်   ပေါ့ပါးပြီးထိရောက်သော  ဘက်ထရီ    ပေါင်းစပ်ထည့်သွင်းနိုင်ရေး ရည်ရွယ်ထားသည်။  


အဆိုပါကားသည်   တစ်ကြိမ်အားသွင်းရုံ ဖြင့် ကီလိုမီတာ ၄၈၀ ကျော် ခရီးနှင်နိုင်မည်ဖြစ် သည်။  ဟွန်ဒါကုမ္ပဏီသည်  ၂၀၂၇ ခုနှစ်တွင် လျှပ်စစ်ကားများရောင်းချရန် ရည်ရွယ်ချက် ဖြင့်   ဂျင်နရယ်မော်တာကုမ္ပဏီနှင့်   ပူးပေါင်း ထုတ်လုပ်ခဲ့သော်လည်း   အောက်တိုဘာလ အတွင်း ဖျက်သိမ်းခဲ့သည်။  

အင်န်အိတ်ချ်ကေ