
နေပြည်တော် စက်တင်ဘာ ၁၀
ကိုယ်တိုင် စိုက်ပျိုးမွေးမြူ ထုတ် လုပ်သူများ၊ လက်လီလက်လား အခွန်လွတ်ဈေးကို စက်တင်ဘာ ၁၀ ရက် စနေနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော် မြို့မဈေး တွင် ဖွင့်လှစ်ထားပြီးဖြစ်ရာ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ အသားနှင့် ကြက်ဥအရောင်း ဆိုင်ခန်းများ၊ ဟင်းသီးဟင်း ရွက် ၊ သစ်သီးဝလံ ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ၏ အရောင်းဆိုင်ခန်းများ၊ အိမ် နောက်ဖေး ဈေးဆိုင်တည်လိုသူ များအတွက် မျိုးစေ့ပျိုးပင် အရောင်းဆိုင်များတွင် ဝယ်ယူကြ သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါ အခွန်လွတ်ဈေးကို နေ့စဉ် နံနက် ၆ နာရီမှ ၉ နာရီ အထိ ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊ မြို့မဈေးနှင့် အ.ထ.က (၅)လမ်းဆုံထောင့်ရှိ အအေးခန်း စက်ရုံတွင် နွားနို့၊ ငါးခြောက်၊ ပုစွန်ခြောက်နှင့် ကြက်သွန်၊ ငရုတ်သီးခြောက်၊ အာလူးစသည့် ကုန်ခြောက်များကို ညနေပိုင်း အထိ ရောင်းချပေးလျက်ရှိ ကြောင်း၊ စားသုံးသူများ၏ လိုအပ် ချက်ပေါ်မူတည်၍ ဝန်ထမ်းအိမ်ရာ များနှင့် ရုံးဌာနများတွင် ရွေ့လျား ဈေးရောင်းစနစ်ဖြင့် ရောင်းချပေး နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ မှုများကို ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် တာဝန်ရှိသူများ က ကြည့်ရှုစစ်ဆေး အားပေးကြ သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက် ရှိ သုတေသနခြံများ၊ နည်းပညာ ပေးလုပ်ငန်းအတွက် စံနမူနာပြ စိုက်ခင်းများမှ ထွက်ရှိသော ဟင်း သီးဟင်းရွက်၊ သစ်သီးဝလံများ ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး လျက်ရှိပြီး ကိုယ်တိုင်စီးပွားဖြစ် စိုက်ပျိုးမွေးမြူ ထုတ်လုပ်နေသူ များ လက်လီလက်ကား ရောင်းချ နိုင်ရေး စီမံဆောင်ရွက်ပေးခြင်း ဖြင့် စားသောက်ကုန်များ ထုတ် လုပ်သူမှ စားသုံးသူလက်ဝယ် သို့ လတ်ဆတ်စွာဖြင့် တိုက်ရိုက် ရောက်ရှိရေး၊ နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေး၊ အစား အစာ ဘေးကင်းလုံခြုံမှုရှိပြီး အာဟာရပြည့်ဝလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို မိသားစုတိုင်း ဖူလုံစွာ စားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခုလုပ်ငန်း၏ အတွေ့ အကြုံများဖြင့် အခြားတိုင်းဒေသ ကြီး၊ ပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ နေပြည်တော် ကောင်စီနယ်မြေကို Green City, Clean City, Smart City အဖြစ် အကောင်အထည်ဖော်ရေး လုပ် ငန်းတွင် အပါအဝင်ဖြစ်သည့် အရည်အသွေးပြည့်ဝပြီး ဘေး ဥပဒ်ကင်းရှင်းသော စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်လုပ်ငန်း များ ဈေးကွက်ရရှိရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ အဆင့်မြင့် သိုလှောင်ခြင်း၊ ပြုပြင်ထုပ်ပိုး ရောင်းချခြင်းများ ဆောင်ရွက်နိုင် ရေးအတွက် စိုက်ပျိုးရေးထွက် ကုန်ဈေးကွက်ဗဟိုဌာန အအေး ခန်း သိုလှောင်ရုံကို နေပြည်တော် ပုဗ္ဗသီရိဈေးအနီးတွင် တည် ထောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် စတင်နိုင်မည်ဖြစ်ရာ ဒေသခံ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ သာမက စားသုံးသူများအတွက် ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်