ကိုယ်ကျိုးစီးပွားအတွက် ထိုးကျွေးခံဘင်္ဂါလီအရေး နှတ်ကြောင်းဖော်လာတဲ့ အင်ဒိုနီးရှား

Type
1

 

စွမ်းပြည့်

ကိုယ့်မျက်ချေးကျတော့မမြင်၊ သူများမျက်ချေးသာ မြင်တတ်သူက လောကမှာ အများသား၊၊ ဘယ်သူမှအပြစ်မကင်းတဲ့ လောကကြီးမှာ အခြားသူအပြစ်တော့   ရဲရဲတောက်မြင်တတ်ပြီး  ကိုယ့်အပြစ်တော့ မြူမှုန်မျှတောင်  မမြင်နိုင်တဲ့  နိုင်ငံများစွာရှိပါတယ်။   အင်ဒိုနီးရှားနိုင်ငံ  အပါအဝင်ပေါ့။   လွန်ခဲ့တဲ့လကပဲ သူများနိုင်ငံပြည်တွင်းရေး ဘာမဆိုင်ညာမဆိုင်   ဗြောင်ဝင်စွက်ဖက်တဲ့   အရှေ့တီမောဆိုတဲ့နိုင်ငံက ဂျိုဆေးရာမို့စ်ဟော်တာဆိုတဲ့လူကို  ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ရပါသေးတယ်။ အခုတစ်ဖန်လာပြန်ပါပြီ။ အင်ဒိုနီးရှားအောက်လွှတ်တော်က ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ  BKSAP မှ လက်ထောက်ဥက္ကဋ္ဌ အာမတ် ဟာဖစ် တိုဟီဆိုသူရဲ့ ပြောကြားချက်များအပေါ် ပြန်လည်တုံ့ပြန်မှတ်ချက်ပေးရန် ဖြစ်ပါတယ်။

 

အခုရက်ပိုင်း    ASIATODAY.ID   မှာ    တွေ့ရှိချက်အရ    ဘင်္ဂါလီ ကိစ္စပါဝင်လာခြင်းက       မြန်မာနိုင်ငံနဲ့    မြန်မာပြည်သူတွေအပေါ် စော်ကားသကဲ့သို့ ဖြစ်သွားစေတဲ့ အကြောင်းရင်းက   အဓိကဖြစ်ပါ တယ်။ ဘာမှမထူးတဲ့  တစ်ခါလာမဲပြာပုဆိုးကဲ့သို့ပင် အပ်ကြောင်း ထပ်နေတဲ့ ဒီအညှီကိစ္စရပ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံ က ပြတ်ပြတ်သားသား အရေးယူဖို့ သူက ပြောဆိုခဲ့တာပါ။
ဘာတွေပြောခဲ့သလဲ
ဒီကိစ္စနဲ့ပတ်သက်ပြီး       ရှုတ်ချရုံနဲ့      မလုံလောက်ကြောင်း၊ မြန်မာနိုင်ငံအား ကမ္ဘာ့ဖိုရမ်အမျိုးမျိုးမှ ဖယ်ထုတ်ပြီး လက်နက်နှင့် စီးပွားရေးပိတ်ဆို့ဖို့  ဖွခဲ့ပြီး  နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာတွေ ရပ်ဆိုင်း ထားဖို့၊    မရှိတဲ့        လူမျိုးတုံးသတ်ဖြတ်မှု     ကျူးလွန်သူတွေကို အပြည်ပြည်ဆိုင်ရာတရားရုံးပို့ပြီး    တရားစွဲအရေးယူဖို့ ချောက်ချ တိုက်တွန်းခဲ့ပါတယ်။   လက်ရှိနိုင်ငံတော်အစိုးရက   ဘင်္ဂါလီတွေကို ဂရုမစိုက်ဘဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်ရန်  အားပေးနေတယ် ဆိုပြီးလည်း စွပ်စွဲခဲ့ပြန်တယ်။ နိုင်ငံတော်အစိုးရကပဲ တာဝန်ဝတ္တရား ကင်းမဲ့သယောင်  ဘင်္ဂါလီတွေရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ကံကြမ္မာ ဟာ မရေမရာ ဝေဝါးဖြစ်နေဟန် လုပ်ကြံပြောကြားခဲ့ပါတယ်။   ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံအပေါ် အာဆီယံနိုင်ငံသားတွေက ထပ်တိုးအရေးယူဖို့ တိုက်တွန်းခဲ့တာ တွေ့ရတယ်။ 
သူ့ရဲ့စွပ်စွဲချက်က    အကြမ်းဖက်မှုနဲ့     လူမျိုးတုံးသတ်ဖြတ်မှု ဆိုလားပဲ၊၊ ဒါတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အမှန်အကန်အရေးယူဖို့ အာဆီယံမိသားစုကို မရမက ဖိတ်ခေါ်နေတာတွေ့ရပါတယ်။ ဘယ်က မှတ်တမ်းကို   ယူထားသည်မသိ၊   ဘင်္ဂါလီမျိုးနွယ်စုတွေဟာ  ရခိုင် ပြည်နယ်ထဲ    ၁၀၅၅   ခုနှစ်ကတည်းက    ရောက်နေတယ်ဆိုပြီး အထောက်အထားမဲ့ပြောကြားချက်ကိုလည်း မှတ်သားမိလိုက်ပါတယ်။ ဒီလို  ရှည်လျားတဲ့အတိတ်မှာ   ဘင်္ဂါလီတွေအပေါ် မြန်မာက ဒုက္ခနဲ့ အကြမ်းဖက်မှုတွေသာ လုပ်ဆောင်နေတယ်ဆိုတဲ့အချက်ကို ဘယ်လို အထောက်အထားနဲ့ ပြောသည်မသိ တွေ့ရပြန်ပါတယ်။
စိတ်ကြီးဝင် သွေးနားထင် ရောက်နေပုံရ
စကားအသွားအလာကြည့်ရတာ အခုမှမဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ် ကလည်း မြန်မာနိုင်ငံ  တပ်မတော်အကြီးအကဲတွေကို  သူ့နိုင်ငံမှာ ခုံရုံးတင်ဖို့ ကြိုးစားခဲ့ခြင်းအပါအဝင် အင်ဒိုနီးရှားခေါင်းဆောင်တွေဟာ မြန်မာအစိုးရအပေါ်  အကြိမ်ကြိမ် မဟုတ်တမ်းတရမ်းတွေ     ပြောဆို လုပ်ဆောင်နေခဲ့တာပါ။   ပြန်ကြည့်ရင်  မြန်မာနဲ့အင်ဒိုဟာ သမိုင်း ကြောင်းကောင်းတဲ့ဆက်ဆံရေးတွေ   ရှိခဲ့ဖူးပါတယ်။   အခက်အခဲ မျိုးစုံနဲ့အင်ဒို ဒုက္ခရောက်ခဲ့တုန်းကတောင် မြန်မာတွေ  ကူညီခဲ့ဖူးပါ တယ်။ အင်ဒိုနီးရှားနိုင်ငံခေတ်ဆိုးမှာ   ရှိခဲ့ဖူးတဲ့  မြန်မာကျေးဇူးကို ယနေ့အင်ဒိုခေါင်းဆောင်တွေ မေ့နေပုံရပြီး ယနေ့အင်ဒိုနီးရှားနိုင်ငံကြီး စင်ပေါ်ရောက်တဲ့အချိန် သူတို့ကိုယ်သူတို့  စိတ်ကြီးဝင်  သွေးနားထင် ရောက်နေပုံရပါတယ်။  
ဒီတော့ သူများနိုင်ငံအကြောင်း ပြန်လည်တုံ့ပြန် သုံးသပ်တော့ မယ်ဆိုတဲ့အခါ    ဒီနိုင်ငံနဲ့   နိုင်ငံသမိုင်းကြောင်းကိုလည်း   အကျဉ်းမျှ ဖော်ပြဖို့လိုလာတာပေါ့။    အရှေ့တောင်အာရှနိုင်ငံ   တစ်နိုင်ငံဖြစ်ပြီး အိန္ဒိယနဲ့ ပစိဖိတ်  သမုဒ္ဒရာနှစ်စင်းကြားတည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ ဟာ   ကမ္ဘာမှာ  ၁၄    ခုမြောက်    ဧရိယာအကြီးဆုံး၊ စတုတ္ထမြောက် လူဦးရေအများဆုံး       နိုင်ငံတစ်နိုင်ငံဖြစ်ပြီး    ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့ ကျွန်းစုများနိုင်ငံဖြစ်ပါတယ်။  ဒတ်ခ်ျ၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဗြိတိသျှတို့လက်အောက်   ရောက်ခဲ့ဖူးပြီး  ၁၉၄၅   ခုနှစ် ကတည်းက လွတ်လပ်ရေးရရှိခဲ့တဲ့နိုင်ငံပါ။ G 20 နဲ့ OIC အဖွဲ့ဝင်နိုင်ငံ လည်း    ဖြစ်ပါတယ်။      အမေရိကန်နဲ့နီးစပ်တဲ့      ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အတွက် စီးပွားရေးမှာ အရှိန်အဟုန်နဲ့ တိုးတက်နေဆဲ နိုင်ငံလည်း ဖြစ်ပါတယ်။
သမိုင်းမှာ သွေးချောင်းစီးအာဏာသိမ်းမှတ်တမ်းရှိခဲ့ဖူးတဲ့ နိုင်ငံ
ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံသမိုင်းဟာ ပြောစမှတ်ပြုလောက်အောင် ကို အားနည်းချက်တွေ ရှိခဲ့တာကိုတော့ ထောက်ပြလိုပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ရေး   အမျိုးသားခေါင်းဆောင်ဖြစ်ခဲ့တဲ့    သမ္မတဆူကာနို (၁၉၄၅-၆၅) ထံကနေ  အများသိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဆူဟာတို ဘယ်လိုအာဏာရယူခဲ့သလဲ၊  အရင်းရှင်ဆန့်ကျင်ရေးသမား ဆူကာနို လက်အောက်မှာ  ကွန်မြူနစ်တွေ  လွှမ်းမိုးနေပြီး  ကွန်မြူနစ် ထောက်ခံသူတွေနဲ့    စစ်တပ်အာဏာလွန်ဆွဲပွဲမှာ    ဆူဟာတိုရဲ့   နိုင်ငံရေးအကွက်ရွှေ့ခံရတဲ့  ဆူကာနို  ကျဆုံးခဲ့ရပြီး အမေရိကန် CIA  အကူအညီနဲ့ စစ်ခေါင်းဆောင်  ဆူဟာတို သမ္မတအာဏာရခဲ့တဲ့ ဖြစ်စဉ်ဟာ သွေးချောင်းစီးတဲ့  အာဏာသိမ်းပွဲတစ်ခုအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ 
ကွန်မြူနစ်တွေ၊ လက်ဝဲဝါဒီတွေ၊  တရုတ်လူမျိုးတွေ ကြမ်းကြမ်း တမ်းတမ်း သတ်ဖြတ်ခံခဲ့ရရာမှာ လူပေါင်းတစ်သန်းကနေ သုံးသန်းအထိ သတ်ဖြတ်ခံခဲ့ကြရပါတယ်။ သန်းနဲ့ချီတဲ့ လူသားတွေ သေဆုံးခဲ့ရတဲ့ ၎င်းဖြစ်စဉ်အပေါ် အမေရိကန်ထောက်ခံတဲ့  အင်ဒိုနီးရှားရဲ့နိုင်ငံရေးအကြမ်းဖက်မှုနဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးလည်းဖြစ်ပါတယ်။      သမ္မတဆူဟာတို   အာဏာ ရပြီးတဲ့နောက် New order အစီအစဉ်တစ်ခုချမှတ်ခဲ့ပြီး အမေရိကန်ရဲ့ အကူအညီနဲ့ နိုင်ငံဟာ တိုးတက်လာခဲ့ပေမယ့် နယူးအော်ဒါအစိုးရ ခေါင်းဆောင်         ဆူဟာတိုဟာ                 နိုင်ငံရဲ့အကျင့်ပျက်ခြစားမှု၊ အတိုက်အခံတွေကို ပြင်းပြင်းထန်ထန်ဖိနှိပ်မှုနဲ့   လူထုအုံကြွမှုများ အောက်မှာ  နိုင်ငံပုံရိပ်ဟာ များစွာကျဆင်းခဲ့ရပြီး ဆူဟာတိုလည်း ၁၉၉၈ ခုနှစ်မှာ သမ္မတအဖြစ်ကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။
 မြန်မာနိုင်ငံအပေါ်  ယခင်လက ပုတ်ခတ်စော်ကားပြောခဲ့တဲ့ ဂျိုဆေးရာမို့စ်     အပါအဝင်     အရှေ့တီမောနိုင်ငံသားတွေဟာလည်း အင်ဒိုအစိုးရရဲ့     အဖိနှိပ်ခံခဲ့ရဖူးသူတွေ    ဖြစ်ခဲ့ပါတယ်။  အာချေး၊ ပါပူအာတို့နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ခဲ့ဖူးပြီး အာချေးပြဿနာ က ပြေလည်သွားပေမယ့် ပါပူအာပြဿနာကတော့ မပြီးသေးပါဘူး။
မိတ်ဆွေမပီသသော မရိုးသားမှုဟုသာ
အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်းလည်းဖြစ်ပြီး   သမိုင်းကြောင်း လည်း နီးစပ်မှုရှိတဲ့ နိုင်ငံအချင်းချင်းအပေါ် ယခုလို စွပ်စွဲပြောကြားချက် ဟာ    မပြောသင့်မပြောထိုက်တဲ့   စကားများသာဖြစ်တယ်ဆိုတာ အင်ဒိုနီးရှားအစိုးရ  သိစေလိုပါတယ်။ ကမ္ဘာပေါ်မှာ ခြောက်ပြစ်ကင်း သဲလဲစင်နိုင်ငံဟူ၍မရှိပါ။ နိုင်ငံရေး၊ လူမှုရေး ဂိုဏ်းဂဏ ကွဲပြားမှုတွေနဲ့ ပြည်တွင်းပဋိပက္ခရှိတဲ့နိုင်ငံတွေမှာ ပိုပြီးရုန်းကန်ရတဲ့ အခြေအနေများ အပေါ် နားလည်မှုရှိစေလိုပါတယ်။ 
အမှားနဲ့အမှန်၊      တည်ဆောက်သူနဲ့ဖျက်နေသူ၊     ငြိမ်းချမ်းရေး လိုလားသူနဲ့   မလိုလားသူ၊  ခွဲခြားကွဲပြားစွာ မမြင်နိုင်လောက်အောင် ဆင်ခြင်တုံတရား    နည်းပါးလွန်းတယ်လို့   ဆိုရမှာထက်   ယခုလို ကာလမျိုး မြန်မာပြည်တွင်းရေး  အခက်အခဲတချို့ရှိနေချိန်    နိုင်ငံ မြောက်ပိုင်းနဲ့တောင်ပိုင်းမှာ ပြည်တွင်း   ပြည်ပ   နိုင်ငံရေး၊  စစ်ရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ယခုလို နိုင်ငံအနောက်တံခါးဝက ဘင်္ဂါလီကိစ္စ လေသံပစ်လာတာဟာမရိုးသားဘူးလို့သာ  ဆိုရပါမယ်။   မြန်မာနိုင်ငံနဲ့     ပြည်သူတွေအပေါ်  အကျပ်အတည်း    ဆိုးသည်ထက်ဆိုးအောင်   မိတ်ဆွေမပီသသော ဖိအားပေးခြင်းတစ်မျိုးဟုသာ မှတ်ယူရပါမယ်။
HRW 2022
နိဒါန်းအစချီခဲ့သလို သူများအပေါ် တစ်ဖက်သတ်လက်ညှိုးထိုးခဲ့ တဲ့   အင်ဒိုနီးရှားနိုင်ငံကြီးမှာရော   ဝေဖန်စရာ၊    အပြစ်တင်စွပ်စွဲမှု တွေ  ရှိမနေဘူးတဲ့လား၊၊  ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ အခြားနိုင်ငံများအပေါ် မည်သည့်အခါကမျှ ဝင်ရောက် စွက်ဖက်ခြင်း များရှိခဲ့သည်မဟုတ်ဘဲ  မိမိနိုင်ငံအပေါ်   မတရားစွက်ဖက်    စွပ်စွဲ လာမှသာ ပြန်လည်တုံ့ပြန်ပြောဆိုခြင်းများ   ရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်ပြောဆိုရာမှာလည်း အထောက်အထားမဲ့မဟုတ် အတိတ် သမိုင်းနဲ့ ပတ်သက်ပြီးလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အကိုး အကားများမှလည်းကောင်း ပြန်လည်ချေပခြင်းများသာ ရှိခဲ့ပါတယ်။ ယခုလည်း ၂၀၂၃ နိုဝင်ဘာလက G20 အစည်းအဝေးကြီးကျင်းပနိုင်ခဲ့တဲ့ အင်ဒိုနီးရှားအစိုးရအပေါ်မှာ       လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး   ကမ္ဘာ့ပရိသတ်အာရုံကို  ဖမ်းစားတဲ့ Human Rights Watch World report  2022   အချက်အလက်တွေအပေါ်မှာ  အကိုး အကားပြု ဝေဖန်လိုပါတယ်။
အချက်အလက်တွေက အင်ဒိုနီးရှားအစိုးရဟာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးများနဲ့၊  နိုင်ငံရေးအခွင့်အရေးများနဲ့ ပတ်သက်ပြီး မကြာခဏချိုးဖောက်နေတယ်လို့        ဆိုပါတယ်။     အထူးသဖြင့် နောက်ခံအင်အားချို့တဲ့သူ လူအုပ်စုတွေအပေါ် ဘာသာရေး၊ လူမျိုးစု အရေး၊  လူမှုရေး၊ ကျားမတန်းတူနဲ့ လိင်ပိုင်းဆိုင်ရာများမှာ  တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အဓိကကျူးလွန်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပါပူအာနဲ့        အနောက်ပါပူအာ    ခရိုင်တွေမှာ  ပြည်တွင်း  ပြည်ပ သတင်းထောက်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေကို ဝင်ခွင့်မပေး ထားဘဲ အာဏာပိုင်တွေက မတော်မတရား နှိပ်စက်စော်ကားမှုတွေ၊အာဏာအလွဲသုံးစားမှုတွေနဲ့ အကြမ်းပတမ်း ကိုင်တွယ်နေကြကြောင်း ဖော်ပြထားပါတယ်။ ကျူးလွန်သူတွေမှာ အစ္စလာမ္မစ်အုပ်စုတွေလည်း ပါဝင်ပြီး သူတို့ဟာ   လူနည်းစုတွေဖြစ်တဲ့    မတူကွဲပြား   ဘာသာရေး အဖွဲ့တွေ၊ အမျိုးသမီးနဲ့  မိန်းကလေးငယ်တွေ၊  LGBT တွေကို အဓိက ပစ်မှတ်ထားလေ့ရှိကြပါတယ်။
အငြင်းပွားဖွယ် ဥပဒေပြင်ဆင်ချက်များအရ
မျက်မှောက်ကာလတစ်ခုမှာ အင်ဒိုနီးရှားပါလီမန်က ပြစ်မှုဆိုင်ရာ ဥပဒေ စည်းမျဉ်းတစ်ခုကို ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ ဒီဥပဒေ ပြင်ဆင်ချက်မှာ ဘာပါလာသလဲဆိုတော့   “ကျင့်သုံးဆဲ   မည်သည့် ဥပဒေတွင်မဆို”  ဆိုတဲ့ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းတစ်ခု ဖော်ပြ ပါရှိခဲ့ပြီး ဒီအချက်ထဲမှာ ပြစ်မှုဆိုင်ရာဓလေ့ထုံးတမ်းဥပဒေနဲ့ ရှာရီရာ အစ္စလာမ္မစ်ဥပဒေပါ   ရာနဲ့ချီတဲ့   အမိန့်နဲ့စည်းမျဉ်းများ၊    အဓိပ္ပာယ် သတ်မှတ်ချက်များစွာကို   ပြင်ဆင်ထည့်သွင်း    ဖော်ပြလာပါတယ်။ ဒီအချက်များကို အမျိုးသမီးနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေ၊ LGBT တွေအပေါ်   ခွဲခြားဆက်ဆံမှုများအဖြစ်   ထောက်ပြပြီး   ဆန့်ကျင် ကန့်ကွက်မှုများ ဖြစ်ပေါ်နေပါတယ်။ ယခုလို ခွဲခြားပြဋ္ဌာန်းမှုများဟာ အနာဂတ်မှာ  ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာနိုင်တဲ့ လူအချင်းချင်း မတရား ဖိနှိပ်စော်ကားမှုများအဖြစ် ယနေ့အင်ဒိုနီးရှား ပြည်သူတွေ က စိုးရိမ်ပူပန်နေကြပါပြီ။ 
အနည်းငယ်   အသေးစိတ်ရရင်     ယနေ့   အင်ဒိုနီးရှားအမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ ခွဲခြားဖိနှိပ်ခံရမှုဟာ   တစ်နိုင်ငံလုံးမှာ   ဖြစ်ပေါ် နေခြင်းပါ။ လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြတာက အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ  အနိုင်ကျင့်စော်ကားခံနေကြ ရပြီး  jilbab ခေါ်တဲ့   အပြင်ထွက်ရင်  ခေါင်းမြီးခြုံထွက်ရတဲ့ အလေ့ အထကို မဖြစ်မနေလိုက်နာကြရတယ်လို့ဆိုပါတယ်။ မလိုက်နာတဲ့ အမျိုးသမီး၊  မိန်းကလေးတိုင်းဟာ ကျောင်းဆရာမ၊  ကျောင်းသူဆို ကျောင်းကအထုတ်ခံရ၊ ဝန်ထမ်းဆို  အလုပ်က အထုတ်ခံရ သို့မဟုတ် နုတ်ထွက်ခိုင်းခံရပါတယ်။ ဒီလိုဝတ်စားဆင်ယင်မှုကို   ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့အခြားမွတ်စလင်မဟုတ်သူတွေပါ အတင်းအကျပ် ဝတ်ဆင်ရတာ   ဖြစ်ပါတယ်။  ဆိုရရင် ထိုနိုင်ငံမှာ  ၁၉၆၅   ခုနှစ် ကတည်းက ထုတ်ပြန်ခဲ့တဲ့ ဆွန်နီတွေကို  ပစ်မှတ်ထားတဲ့ အစ္စလာမ် ဘာသာကို ပြစ်မှားခြင်းဆိုင်ရာ ဥပဒေတွေနဲ့လည်း   ဆက်စပ်မှုက ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ   မွတ်စလင်မဟုတ်တဲ့  အခြားဘာသာဝင် တွေကို အသိအမှတ်ပြုထားပေမယ့် ဘာသာရေးအဆောက်အအုံတွေ ဆောက်ခွင့်မှာ  ကန့်သတ်ချက်များစွာရှိတာကို လေ့လာမိပါတယ်။ ထို့အပြင် အင်ဒိုနီးရှားမှာ ဘာသာရေးကူးပြောင်းမှုတွေကို ဘယ်လို သဘောထားပါသလဲ၊၊ ၂၀၁၄ ကတည်းက ခရစ်ယာန်ဘာသာဘက် ကူးပြောင်းခဲ့တဲ့ မိုဟာမက်ကေ့စ်ဆိုသူ  အစ္စလာမ်တရားဟောဆရာ တစ်ယောက် ပြစ်မှုကျူးလွန်မှုအဖြစ် သတ်မှတ်ခံရပြီး ထောင်ဒဏ် ၁၀  နှစ် အပြစ်ပေးခံခဲ့ရတဲ့ဖြစ်စဉ်နဲ့အတူ နောက်ထပ် အင်ဒိုနီးရှားအမျိုးသားခေါင်းဆောင် ဆူကာနိုရဲ့သမီး ထင်ရှားတဲ့ နိုင်ငံရေးသမား မျိုးဆက်ထဲက    ဆူကာမာဝတီဟာလည်း       အစ္စလာမ်ဘာသာကို  စွန့်လွှတ်ပြီး    ဟိန္ဒူဘာသာ      ကူးပြောင်းခဲ့လို့    ပြည်တွင်းမှာ အပြင်းအထန်ဝေဖန်ခံရတဲ့      အစဉ်အလာတွေ        ရှိခဲ့ဖူးပါတယ်။ လော်စပီကာ   ကျယ်ကျယ်လောင်လောင်   ဖွင့်တာကအစ   သူတို့ ဘာသာရဲ့ အားနည်းချက်ကို ဝေဖန်မိရင် အပြစ်ပေးခံရတဲ့ အလားတူ ဖြစ်စဉ်ဖြစ်ရပ်များစွာ      ရှိနေကြောင်းကို    ထောက်ပြလိုပါတယ်။ ဘာသာရေးမှာသာမက မြေယာပိုင်ဆိုင်ခွင့်ကဲ့သို့သော အချို့ပြည်သူ့ ရေးရာမူဝါဒများ၊ ပါပူအာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  ခရိုင်များမှာ  အင်ဒို စစ်သားတွေရဲ့         စစ်ရာဇဝတ်မှုတွေကိုလည်း    ထိုအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြချက်များအရ သိရှိခဲ့ရပါသေးတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့      မြန်မာလူနည်းစုအရေး    ယခုလို အာရုံစိုက်   တကူးတကပြောခဲ့သလို   ယနေ့  ဂါဇာမှာ   ဖြစ်ပွားနေတဲ့ အနိဋ္ဌာရုံတွေအပေါ်မှာလည်း ယခုထက်ပိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ဖို့ တာဝန်ရှိတယ်လို့ မြင်ပါတယ်။   အင်ဒိုအစိုးရရဲ့   အစ္စလာမ်ဘာသာ ဆိုင်ရာ သဘောထားမှာ ဝိဝါဒကွဲပြားမှုတွေရှိနေသလား၊  အချို့ကမ္ဘာ့ အမြင်မှာ     ထောက်ပြဝေဖန်မှုတွေကိုလည်း    ထည့်တွက်ရပါမယ်။ ပြည်တွင်းမှာသာမက   ပြည်ပမှာပါ ကိုယ့်အကျိုးစီးပွားနဲ့ ပတ်သက် လာရင် OIC ရဲ့    မူဝါဒကိုပါ  မျက်ကွယ်ပြုနိုင်တဲ့    ခွဲခြားရပ်တည်မှု နမူနာကို ပြသခဲ့ခြင်းဟုသာ ဆိုရပါလိမ့်မယ်။
အကြံပြုချက်များနှင့်အတူ 
အင်ဒိုအစိုးရအပေါ်  အကြံပြုချင်တာတွေရှိပါတယ်။    ရွေးကောက်ပွဲ နီးမှ   ယခုလို    ပြည်ပနိုင်ငံများရဲ့      ပြည်တွင်းရေးတွေမှာ      လိုသလို အာရုံစိုက်ပြီး     ကိုယ့်ကိုယ်ကိုယ်ထင်ပေါ်အောင်   မပြုမိစေဖို့နဲ့   မိမိ ပြည်တွင်းရေးပြဿနာတွေကို     အခြားကို    အာရုံပြောင်းလုပ်နေမယ့် အစား   (ယူကရိန်းဆီသွား    ဇာလန်စကီးနဲ့တွေ့ပြီး    ယူကရိန်းအရေး ဝင်စွက်ခဲ့ဖူး)    အစိုးရအပေါ်   မကျေမနပ်ဖြစ်နေတဲ့   ကိုယ့်ပြည်သူတွေ အပေါ်မှာသာ အထူးစေတနာထား   အာရုံစိုက်ဆောင်ရွက်ပေးစေလိုပါတယ်။ ကိုယ့်ပြည်တွင်းရေးမှာ ရှင်းစရာတွေ များစွာရှိနေတယ်ဆိုတာ သိနေရပါမယ်။
အထက်ပါ ဖော်ပြခဲ့တဲ့ပြဿနာတွေအပြင်   သမ္မတရဲ့  ဆွေမျိုး ကောင်းစားရေး Nepotism အပေါ် ပြည်တွင်း ပြည်ပဝေဖန်မှုတွေကိုလည်း သတိပြုသင့်ပါတယ်။ လက်ရှိသမ္မတ ဂျိုကိုဝီရဲ့သားကြီး ရာကာ ကို ကာကွယ်ရေးဝန်ကြီးနဲ့တွဲဖက်ပြီး  ဒုသမ္မတလောင်း အရွေးချယ် ခံမယ့်ကိစ္စ၊ သူ့သားအငယ်  ပန်ဂါရက်ကို အာဏာရ PSI ပါတီဥက္ကဋ္ဌ အဖြစ် ခန့်အပ်တဲ့ကိစ္စတွေဟာ အများက  သုံးသပ်ဝေဖန်ခံရတဲ့ကိစ္စ တွေဖြစ်နေပါတယ်။    စီးပွားရေးမှာ   ငွေကြေးဖောင်းပွမှု ပြဿနာ အပြင် စီးပွားရေးတုံ့ဆိုင်းနေမှုများကိုလည်း ဖြေရှင်းရမှာရှိနေပါတယ်။
သုံးသပ်ရမယ်ဆိုရင်တော့ ဝေဖန်ထောက်ပြစရာ အချက်အလက် တွေ များစွာရှိနိုင်ပါသေးတယ်။    မြန်မာနိုင်ငံဘက်ကတော့    အချို့ နိုင်ငံများရဲ့    ထိုးကျွေးခံဘဝရောက်နေရရှာတဲ့    ဘင်္ဂါလီတွေအတွက် လူသားချင်းစာနာစိတ်နဲ့     အခိုင်အမာရပ်တည်ပြီး       အပြုသဘော ဆောင်ရွက်ချက်များ  အစဉ်ပြုလုပ်နေတာ  ဖြစ်ပါတယ်။ ဘင်္ဂါလီအရေး ဟာ သူတို့ရွေးကောက်ပွဲ အကျိုးစီးပွားအတွက်ရယ်၊ နိုင်ငံတကာနဲ့ ဒေသတွင်းမှာ မျက်နှာသာရဖို့နဲ့ ဘင်္ဂါလီအရေးကို အာဆီယံစားပွဲပေါ်မှာ နေရာယူလာနိုင်ဖို့၊ မြန်မာနိုင်ငံအရေး ပြဿနာတွေကြောင့် ဘင်္ဂါလီ တွေ ထွက်ပြေးနေရတယ် စတဲ့  မရိုးသားတဲ့ သရုပ်ဖော် ဖန်တီးမယ့် အကွက်တွေကိုသာ    တွေ့မြင်နေရပါကြောင်းနဲ့  ဂရုတစိုက်လေ့လာ စောင့်ကြည့်ရန်  လိုအပ်နေမည်ဖြစ်ပါကြောင်း      ရေးသားတင်ပြ လိုက်ရပါတယ်။     ။