
ဝါရှင်တန် ဖေဖော်ဝါရီ ၁၇
အမေရိကန် သမ္မတဂျိုးဘိုင်ဒင် မှာ တာဝန်ထမ်းဆောင်ရန် အတွက် သင့်လျော်သည်ဟု ကိုယ်ခန္ဓာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ဆေးစစ်ပြီးနောက် ဆရာဝန် များက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် အသက် ၈၀ အရွယ်ရှိပြီး အမေရိကန်၏ အသက်အကြီး ဆုံးသမ္မတ ဖြစ်သည်။
သမ္မတ၏ သမားတော်မှ ထုတ်ပြန်သည့် စာချွန်လွှာကို ဖေဖော်ဝါရီ ၁၆ ရက်တွင် အိမ်ဖြူတော်က ကြေညာခဲ့ သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဘတ်သာ့စ်ဒါရှိ ဆေးဘက်ဆိုင်ရာ ဆေးခန်း တစ်ခုတွင် ဆရာဝန်များက ဆေးစစ်ခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒင်တွင် ရာသီအလိုက် ဖြစ်ပွားတတ်သည့် ဓာတ်မတည့် မှုနှင့် အခြားသော အသေးစား ရောဂါ လောက်သာရှိကြောင်း၊ အသက် ၈၀ အရွယ်တွင် ကျန်းမာ လျက်ရှိပြီး သမ္မတတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင် ကြောင်း အိမ်ဖြူတော်မှ သမားတော် ကီဗင်အိုကွန်နော် က ပြောသည်။
ထို့ပြင် သမ္မတတွင် ကာလ ရှည်ကြာ ကိုဗစ် -၁၉ လက္ခဏာ များလည်း မရှိကြောင်း ပြော သည်။ ဂျိုးဘိုင်ဒင်သည် ပြီးခဲ့ သည့် နွေရာသီက ကိုဗစ် -၁၉ ကူးစက်ခံခဲ့ရသည်။
ဂျိုးဘိုင်ဒင်သည် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံ သွားဖွယ်ရှိသည်ဟု ဖော်ပြခဲ့ သော်လည်း ဇန်နဝါရီလအတွင်း ကောက်ယူထားသည့် စစ်တမ်း များအရ ၂၀ ရာခိုင်နှုန်းကသာ ၎င်းကို ပြန်လည်အရွေးခံစေ လိုသည်။ ၎င်းပြန်လည် ရွေးကောက်ခံမည်ကို မထောက်ခံ ကြသူများမှာ ၎င်း၏ အသက် ကြီးမှုကို စိုးရိမ်သည့်အတွက် ဖြစ်သည်။
အင်န်အိတ်ချ်ကေ