ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးမှုသင်တန်းများ  မသန်စွမ်း သက်ကြီးသင်တန်းကျောင်း (ရန်ကုန်) တွင် လျှောက်ထားနိုင်

 

 

ရန်ကုန်    ဧပြီ     ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊  မသန်စွမ်း သက်ကြီးသင်တန်းကျောင်း (ရန်ကုန်)တွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် ၂၀၂၂ ခုနှစ် တစ်နှစ် သင်တန်းဖြစ်သော အီလက်ထရွန်နစ် သင်တန်းနှင့် သုံးလ    သင်တန်းများဖြစ်ကြသော     စက်ချုပ် သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့၌ ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်သည်။
အဆိုပါ  သင်တန်းများအား  တက်ရောက်လို သူများသည် အမှတ် ၆၅  ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်း     အတတ်သင်     သိပ္ပံကျောင်းဝင်း အတွင်း  မသန်စွမ်း  သက်ကြီးသင်တန်းကျောင်း မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၉၆၆၁၇၁၂၊    ၀၉-၄၂၁၀၀၃၅၆၀  နှင့်    ၀၉-၂၅၀၄၀၂၃၉၂ တို့သို့ (ရုံးချိန်အတွင်း) ဆက်သွယ် စုံစမ်းနိုင်ကြောင်းနှင့်    သင်တန်းတက်ရောက်ခွင့် ရသူများသည်       သင်တန်း   တက်ရောက်နေစဉ်  ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေးများ   စီစဉ်ပေးပြီး    သင်ထောက်ကူ   ပစ္စည်းများနှင့်     နယ်မှ လာရောက်သော သင်တန်းသား သင်တန်း သူများအတွက်  အိမ်ပြန်ခရီးစရိတ် ပံ့ပိုးပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်