
ရန်ကုန်တိုင်းဒေသကြီး
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးသင်တန်း ကျောင်း(ရန်ကုန်) တွင် အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ၂၀၂၂ ခုနှစ် (၃) လသင်တန်းများ ဖြစ်ကြသော စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံ သင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့၌ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါသည်။
၂။ အဆိုပါသင်တန်းများအား တက်ရောက်လိုသူများသည် အမှတ် (၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံ ကျောင်းဝင်းအတွင်း၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၁-၉၆၆၁၇၁၂၊ ၀၉-၂၅၀၄၀၂၃၉၂၊ ၀၉-၄၂၁၀၀၃၅၆၀ သို့ (ရုံးချိန်အတွင်း) ဆက်သွယ် စုံစမ်းနိုင်ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့်ရသူများသည် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေထိုင်ရေး၊ စားသောက် ရေးများ စီစဉ်ပေးပြီး သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက် သော သင်တန်းသူ၊ သင်တန်းသားများအတွက် ရန်ကုန်မြို့သို့လာသော ခရီးစရိတ်နှင့် အပြန်ခရီးစရိတ်တို့ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။
(ခင်ခင်စိုး)
ကျောင်းအုပ်
မသန်စွမ်းသက်ကြီးသင်တန်းကျောင်း