ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် EG.5 ကူးစက်မှု တူနီးရှားနိုင်ငံ၌ ပထမဆုံးတွေ့ရှိ

တူးနစ်    စက်တင်ဘာ   ၆
တူနီးရှားနိုင်ငံသည်   နိုင်ငံအတွင်း   ပထမဆုံး   ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်   EG.5  ကူးစက်မှုကို  တွေ့ရှိခဲ့သည်ဟု  စက်တင်ဘာ ၅ ရက်တွင် တူနီးရှားအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ တူးနစ်မြို့  ချားလ်နီကိုလီဆေးရုံ၌   မွေးကင်းစတစ်ဦးကို ဆေးစစ်မှုပြုလုပ် ပြီးနောက်   ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်   EG.5   ကူးစက်ခံထား ရကြောင်း  တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု  တူနီးရှားနိုင်ငံ၏ ကိုဗစ်-၁၉ နှိမ်နင်းရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟတ်ခ်မီလူစီယာ၏ ပြောကြားချက်အရသိရသည်။  
အဆိုပါ မွေးကင်းစကလေးမှာ အခြေအနေတည်ငြိမ်မှု ရရှိပြီး နောက် ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်သည်။  အဆိုပါကလေးငယ်သည်  မိသားစုဝင်များထံမှ ကူးစက်ခြင်း သို့မဟုတ် ဆေးရုံဝန်ထမ်းများထံမှ  ကူးစက်ခြင်းလားဆိုသည်ကိုမူ မသိရသေးချေ။ ကိုဗစ်-၁၉ မျိုးကွဲ သစ်မှာ ကူးစက်မှုနည်းပြီး ပြီးခဲ့သည့် မျိုးကွဲများကဲ့သို့ ပြည်သူ့ ကျန်းမာရေးကို     ခြိမ်းခြောက်မည့်    အန္တရယ်မရှိဟု     ၎င်းက ဆက်ပြောသည်။ 
EG.5 သည် အိုမီခရွန် XBB.1.9.2 ၏ မျိုးကွဲဖြစ်ပြီး EG.5 နှင့် ဆက်နွှယ်သည့်ကူးစက်မှုကို   ဖေဖော်ဝါရီလအတွင်း  စတင်တွေ့ရှိ ခဲ့သည်။ ဩဂုတ် ၉ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အဆိုပါ မျိုးကွဲကို  စိတ်ဝင်စားဖွယ်မျိုးကွဲအဖြစ် သတ်မှတ်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ပြည်သူ့ကျန်းမာရေးကို  ခြိမ်းခြောက်နိုင်ခြင်း မရှိဟုလည်း မှတ်ချက်ပြုခဲ့သည်။                           ဆင်ဟွာ