ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မြင့်တက်လာချိန်တွင် ဝန်ထမ်းပြတ်လပ် အမေရိကန်လေကြောင်းလိုင်းခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်း

 

ဝါရှင်တန်  ဇန်နဝါရီ    ၁၂ 

ကိုရိုနာဗိုင်းရပ်စ်   ကူးစက်ဖြစ်ပွား မှုများ     မြင့်တက်လာချိန်တွင် ဝန်ထမ်း      ပြတ်လပ်မှုကြောင့် အမေရိကန်  ပြည်ထောင်စုတွင် လေကြောင်းလိုင်းခရီးစဉ်  ထောင် ပေါင်းများစွာ ဖျက်သိမ်းခဲ့သည်။

 


ယူနိုက်တက်  လေကြောင်း လိုင်းက ဝန်ထမ်း ၃၀၀၀ ကိုရိုနာ ဗိုင်းရပ်စ်        ကူးစက်ဖြစ်ပွားခဲ့ ကြောင်း  ပြောကြားလိုက်သည်။ 
ယူနိုက်တက်     အမှုဆောင် အရာရှိချုပ် စကော့ကာဘီက ဇန်န ဝါရီ ၁၁  ရက်တွင်    ဝန်ထမ်းများ ထံသို့   ပေးပို့သည့်   အီးမေးလ် တစ်စောင် တွင်      အဆိုပါအချက်ကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။   နယူးဂျာစီပြည်နယ်          နီဝက် လေဆိပ်တွင်   တစ်နေ့တည်းကို  လုပ်သားထု   သုံးပုံတစ်ပုံ ဖျားနာ ခဲ့ကြောင်း    ထပ်လောင်းဖော်ပြ ခဲ့သည်။ 

 


သို့သော်လည်း ကာကွယ်ဆေး ထိုးထားသည့်  ဝန်ထမ်းများမှာ ဆေးရုံတက်ရောက်ရခြင်း    မရှိ ကြောင်းနှင့် သီတင်းပတ် ရှစ်ပတ် အတွင်း ကိုဗစ်-၁၉   ကြောင့် သေဆုံးသတင်းဖော်ပြခြင်း       မရှိ သေးကြောင်း ပြောကြားခဲ့သည်။ 

 


အိုမီခရွန်   ဗိုင်းရပ်စ်သည် အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကူးစက်ပျံ့နှံ့လျက်ရှိသည်။ အမေ ရိကန်ပြည်ထောင်စုရှိ လေကြောင်း လိုင်းများသည်  ဝန်ထမ်းပြတ်လပ် မှုများနှင့် ရင်ဆိုင်နေရသည်။  


အင်န်အိတ်ချ်ကေ