
စစ်တွေ ဇွန် ၂၈
ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အနီးကပ် ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့် တိုက်သို့ ရောက်ရှိပြီး ပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းအမွေအနှစ်များနှင့် ပြကွင်းပြကွက်များကို လှည့်လည် ကြည့်ရှုလေ့လာသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျားရုပ် ပရိယတ္တိစာသင်တိုက်၊ ဂြစ်ဘက် ကျောင်းတိုက်နှင့် တန်ခိုးကျောင်း တိုက်တို့သို့ ရောက်ရှိကြပြီး ဆွမ်း ဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေ များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် ASEAN +3 အရေးပေါ် အရန်ဆန်ရိက္ခာ APTERR Tier Programme 3 အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်း သော ဆန်ရိက္ခာ ၅၅၄ တန်နှင့် ဂျပန်နိုင်ငံမှ လှူဒါန်းသော အသင့် စားဆန်ထုပ် ၂၀၀၀၀ ကို မိုခါ မုန်တိုင်း တိုက်ခတ်မှုဒဏ်ခံစားခဲ့ရ သည့် ပြည်သူများထံ ဖြန့်ဖြူးပေး နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာနမှတစ်ဆင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ခြင်း အခမ်းအနားသို့ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးလှမိုးက မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သဘာဝ ဘေးသင့်ဒေသအဖြစ် ကြေညာခဲ့ ကြောင်း၊ ASEAN +3 အရေးပေါ် ဆန်ရိက္ခာသည် အာဆီယံ (၁၀) နိုင်ငံနှင့် အပေါင်း (၃) နိုင်ငံများ အတွင်း သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်၍ အရေးပေါ် အခြေအနေတွင် လိုအပ်သော ဒေသများသို့ အရန်ဆန်များ ထောက်ပံ့ဖြန့်ဖြူးနိုင်ရေး ဆောင် ရွက်လျက်ရှိသော အစီအစဉ်ဖြစ် ကြောင်း၊ အမှန်တကယ် ဆန် ရိက္ခာလိုအပ်နေသော ပြည်သူများ ထံသို့ အတိုင်းအတာတစ်ခု အထိ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ဖြည့်ဆည်းပေးသည့် အာဆီယံ အပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်သည် မုန်တိုင်းဒဏ်သင့် ပြည်သူများ အပေါ် တိုက်ရိုက်အကျိုးပြုသည့် အစီအစဉ်လည်း ဖြစ်ကြောင်း၊ အဆိုပါ လှူဒါန်းဆန်များကို သက်ဆိုင်ရာ ပြည်သူများထံ ထိထိ ရောက်ရောက် ထောက်ပံ့နိုင် ရေး ကူညီဆောင်ရွက်ပေးကြသည့် (APTERR) အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ အလှူရှင်နိုင်ငံများ ဖြစ်သော ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံတို့နှင့်အတူ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြသည့် တာဝန်ရှိသူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြော ကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က အမှာ စကားများ ပြောကြားကြပြီး APTERR အတွင်းရေးမှူး Dr. Choomjet Karnjanakesorn က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြည် နယ်ဝန်ကြီးချုပ်ထံ လှူဒါန်းဆန် များကို လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က APTERR အတွင်းရေးမှူးထံ ကျေးဇူးတင်လွှာ ပေးအပ်၍ ပြည်ထောင်စုဝန်ကြီး က အမှတ်တရလက်ဆောင် ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ မြို့တော်ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး(ဗဟို)၊ သဘင် အစည်းအရုံး(ဗဟို)နှင့် ဟာသ ပညာရှင်များ အစည်းအရုံးတို့၏ ဖျော်ဖြေပွဲသို့ ရောက်ရှိပြီး အနုပညာရှင်များ၊ ဂီတပညာရှင် များ၊ သဘင်ပညာရှင်များနှင့် ဟာသပညာရှင်များအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင် စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း သင့်ပြည်သူများအတွက် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတ အစည်းအရုံး(ဗဟို)၊ သဘင် အစည်းအရုံး (ဗဟို)၊ ဟာသပညာ ရှင်များ အစည်းအရုံးနှင့် Old Star အဖွဲ့က အလှူငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် သည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးဇူတင် နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုး ထွန်းက အလှူငွေပေးအပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ပေးအပ်လှူဒါန်း
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ဂီတအစည်းအရုံး (ဗဟို)၊ သဘင်အစည်းအရုံး(ဗဟို)၊ ဟာသပညာရှင်များ အစည်းအရုံး နှင့် Old Star အဖွဲ့တို့မှ တာဝန်ရှိ သူများက ပြည်ထောင်စုဝန်ကြီးထံ လှူဒါန်းငွေကျပ် ၁၃၂၂ သိန်း (အောက်ဝဲပုံ) နှင့် စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်းကြပြီး မိုခါရန်ပုံငွေ ဘောလုံးအသင်း တာဝန်ရှိသူများက ပြည်နယ် ဝန်ကြီးချုပ်ထံ အလှူငွေကျပ် သိန်း ၇၅၀ နှင့် စားသောက်ဖွယ်ရာ များ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက အလှူငွေ များ ပေးအပ်ခြင်းနှင့် ဖျော်ဖြေမှု အစီအစဉ်များ စီစဉ်ဆောင်ရွက် ပေးခဲ့သော Double Win Enter-tainment Co., Ltd. MD ဦးကြည် ဝင်းထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်း အရုံး(ဗဟို)၊ သဘင်အစည်းအရုံး (ဗဟို)၊ ဟာသပညာရှင်များ အစည်းအရုံးနှင့် Old Star အဖွဲ့တို့ အား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် သဘာဝဘေးပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီများအလိုက် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ နှင့် စပ်လျဉ်းသည့်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေ များနှင့်စပ်လျဉ်းသည့် ရှင်းလင်း တင်ပြချက်များအပေါ် ပြည် ထောင်စုဝန်ကြီးက လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်