
ရန်ကုန် အောက်တိုဘာ ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည် ကိုရီးယားသမ္မတနိုင်ငံ ၏ သမ္မတဟောင်းဖြစ်သူ H.E. Mr. Roh Tae-Woo အောက်တိုဘာ ၂၆ ရက်တွင် ကွယ်လွန်သွားသည့်အတွက် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၉၇) တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌ လက်မှတ်ရေးထိုးသည်။
ကိုရီးယားသမ္မတနိုင်ငံ၏ သမ္မတဟောင်း H.E. Mr. Roh Tae-Woo သည် ၁၉၈၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ကိုရီးယားသမ္မတနိုင်ငံ၏ ၁၃ဦး မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဇော်မင်းလတ်(သတင်းစဉ်)