ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထပ်ဆင့်ထောက်ခံချက်များ လျှောက်ထားလိုပါက တစ်ပတ်နှစ်ရက်သတ်မှတ်ထားကာ ကိုယ်တိုင်လာလျှောက်ရမည်

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၈


ကိုရီးယားသမ္မတနိုင်ငံ   ဆိုင်ရာ မြန်မာသံရုံး၏ ထပ်ဆင့်ထောက် ခံချက်များ လျှောက်ထားလိုပါက တစ်ပတ်နှစ်ရက် သတ်မှတ်ထား ကာ    လူကိုယ်တိုင်   လာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သံရုံးက  ဖေဖော်ဝါရီ  ၂၇  ရက် တွင် အသိပေးထားသည်။


ကိုရီးယားသမ္မတ   နိုင်ငံ၌ ရောက်ရှိနေထိုင်၊ အလုပ်လုပ်ကိုင် လျက်ရှိကြသော     မြန်မာနိုင်ငံ သားများအနေဖြင့် မြန်မာနိုင်ငံမှ စာရွက်စာတမ်း     အထောက် အထားများအား       မြန်မာသံရုံး ဆိုးလ်မြို့၌ ထပ်ဆင့်ထောက်ခံ ချက်များ   လျှောက်ထားလိုပါက နိုတြီမူရင်း၊ နိုတြီပြန်ထားသည့်  စာရွက်မူရင်း / မိတ္တူ  (ဥပမာ- ဆယ်တန်းအောင်      လက်မှတ် မိတ္တူ)၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊  ID Card မိတ္တူတင်ပြ၍ အင်္ဂါနေ့ နှင့်   ကြာသပတေးနေ့   မွန်းလွဲ ၂   နာရီမှ  ၄  နာရီအတွင်း   လူ ကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း    အသိ ပေးထားသည်။ သံရုံးမှ ရက်ချိန်း ပေးသည့်နေ့ရက်တွင်   လူကိုယ် တိုင်ဖြစ်စေ၊     ကိုယ်စားဖြစ်စေ လာရောက်    ထုတ်ယူရမည်ဖြစ် ကြောင်း သိရသည်။


ကိုယ်စား     ထုတ်ယူမည် ဆိုပါက   ကိုယ်စားလှယ်လွှဲစာ ဖြင့်  သတ်မှတ်ရက်အတွင်း လာ ရောက်  ထုတ်ယူရန်လည်း သံရုံး မှ အသိပေးကြေညာထားသည်။


ကိုရီးယားသမ္မတ    နိုင်ငံသို့  အစိုးရပြည်ပ       အလုပ်အကိုင် အေဂျင်စီ  (POEA)  မှတစ်ဆင့် EPS  စနစ်ဖြင့်  မြန်မာလုပ်သား များ         စေလွှတ်လျက်ရှိကာ အဆိုပါနိုင်ငံသို့ မြန်မာလုပ်သား  များ  သွားရောက်   အလုပ်လုပ် ကိုင်ရန်     စိတ်ဝင်စားမှုလည်း များပြားသည်။


ယခုနှစ်တွင်   ကျင်းပမည့်  သတ္တမအကြိမ်မြောက်  အမှတ် ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်  စနစ်ဖြင့်    (၁၆)     ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်း စစ်စာမေးပွဲတွင်  မြန်မာနိုင်ငံမှ လုပ်သားများကို     ကိုရီးယား သမ္မတနိုင်ငံရှိ        ဝန်ဆောင်မှု လုပ်ငန်းအတွက် တိုးချဲ့ခေါ်ယူ သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်း အတွက်          ပထမဆုံးအကြိမ် အဖြစ်  ကျား/မ  မရွေး ဝင်ရောက် ဖြေဆိုခွင့်   ရရှိမည်ဖြစ်ကြောင်း     သိရသည်။                              
 

MT