ကိုရီးယားကိုပြန်လည်ရောက်ရှိလာတဲ့ TWICE

Image not available

ကိုရီးယားကိုပြန်လည်ရောက်ရှိလာတဲ့ TWICE
=============================
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE ဟာ နယ်လှည့်ဖျော်ဖြေပွဲတွေပြုလုပ်နေရာကနေ လတ်တလောမှာတောင်ကိုရီးယားနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ရဲ့ အိမ်အပြန်ကို ပရိသတ်တွေနဲ့ မီဒီယာတွေက လေဆိပ်မှာလာရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။'

နိုဝင်ဘာ ၈ ရက်မှာ အဆိုပါတေးဂီတအဖွဲ့ဟာ တောင်ကိုရီးယားကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေရဲ့ အိမ်အပြန်ကို ပရိသတ် တွေက လေဆိပ်မှာစောင့်ကြိုခဲ့ပြီး လက်ဆောင်တွေလည်း ပေးခဲ့ကြပါတယ်။အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုမိုရဲ့မွေးနေ့အကြိုနေ့လည်း ဖြစ်တာကြောင့် ပရိသတ် တွေက မိုမိုအတွက် လက်ဆောင်တွေပေးခဲ့ကြပြီး မိုမိုကလည်း လက်ဆောင်တွေ ကို လက်ခံရယူခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် မိုမိုဟာမွေးနေ့အကြိုဆုတောင်းကိုလည်း လေဆိပ်မှာပင် လက်ခံရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

အေးပြည့်-ရေးသားသည်