
ရန်ကုန် နိုဝင်ဘာ ၄
မြန်မာ-ကိုရီးယား ယဉ်ကျေးမှု ဖလှယ်နိုင် ရန်နှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားတွင် ယမန်နေ့ညက တင်ဆက်ခဲ့ သည့် “မြန်မာ-ကိုရီးယား ခေတ်ပေါ် တေးဂီတဖျော်ဖြေပွဲ”(Myanmar - Korea Modern Musical Show) ၌ ဖျော်ဖြေခဲ့ ကြသည့် ကိုရီးယားအနုပညာရှင်အဖွဲ့ သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာ လည်ပတ်ကြသည်။
ရှေးဦးစွာ အင်းလျားကန် Boat Club သို့ ရောက်ရှိရာ မြန်မာနိုင်ငံလှေလှော် အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ကိုရီးယားအနုပညာရှင်အဖွဲ့ သည် အင်းလျားကန်အတွင်း၌ အသင်းသူ အသင်းသားများနှင့်အတူ ပျော်ရွှင်စွာ လှေလှော်ကြကာ အမှတ်တရ ဓာတ်ပုံရိုက် ကြသည်။
ထို့နောက် ကိုရီးယားအနုပညာရှင် အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး သို့ ရောက်ရှိကြရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန် ရှိသူများက ကြိုဆိုကြပြီး ရွှေတိဂုံစေတီ တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ဆီမီး၊ အမွှေးနံ့သာများကပ်လှူပူဇော် ကန်တော့ ကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး ရာဟုထောင့် အောင်မြေအနီးရှိ ဗုဒ္ဓပြတိုက်သို့ရောက်ရှိ ကြရာ တာဝန်ရှိသူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအကြောင်း ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် စဉ့်ကူးမင်း ခေါင်းလောင်း တော်ကြီးတွင် ခေါင်းလောင်းထိုးကြပြီး အမှတ်တရဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ကိုရီးယားအနုပညာရှင် အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းစျေးနှင့် Junction City Shopping Mall တို့တွင် လှည့်လည်ကြည့်ရှုကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူအားပေး ကြသည်။
ယင်းနောက် ကိုရီးယားအနုပညာရှင် အဖွဲ့သည် နန်းသီတာဆိပ်ကမ်းသို့ ရောက်ရှိကြရာ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ တာဝန်ရှိသူများက ကြိုဆိုကြပြီး တေဇ အပျော်စီးသင်္ဘောဖြင့် ရန်ကုန်မြစ် အလှကို ကြည့်ရှုခံစားမှုနှင့်အတူ မြန်မာ-ကိုရီးယားချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် တည်ဆောက်နေသည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုလေ့လာကြ သည်။
ထို့နောက် နန်းသီတာဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိကြကာ ရန်ကုန်မြို့၏ ညရှုခင်းကို လှည့်လည်ကြည့်ရှုကြပြီး Lottle Hotel တွင် ညအိပ်တည်းခိုကြ သည်။
ထိုသို့ လေ့လာလည်ပတ်စဉ် ကိုရီးယား အနုပညာရှင်အဖွဲ့အနေဖြင့် ရန်ကုန်မြို့၏ သန့်ရှင်းသာယာ စိမ်းလန်းစိုပြည်လှပမှု၊အများပြည်သူတို့ လွတ်လပ်အေးချမ်းစွာ လှုပ်ရှားသွားလာလုပ်ကိုင်နေမှု၊ မြန်မာ လူမျိုးတို့၏ ဖြူစင်ရိုသားမှုနှင့် ဖော်ရွေ ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုပျူငှာမှုတို့ကို ကို မျက်မြင်ကိုယ်တွေ့ သိရှိကြပြီး မြန်မာ ပြည်တွင် တရားဥပဒေစိုးမိုးမှု မရှိအောင် လိမ်လည်လုပ်ကြံ ထုတ်လွှင့်နေသည့် သတင်းမှားများ ပျံ့နှံ့နေမှုအပေါ် ၎င်းတို့ အနေဖြင့်လည်း ပြန်လည်ရှင်းလင်း ပြောကြားကြမည်ဖြစ်ပြီး မိတ်ဆွေများ ခေါ်ဆောင်လာကာ မြန်မာနိုင်ငံရှိ အခြား သာယာလှပသည့်နေရာများသို့ ထပ်မံ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားကြသည်။
သတင်းစဉ်