
ကြို့ပင်ကောက် မတ် ၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက် မြို့၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ဆီထွက်သီးနှံ နေကြာကို ဧကပေါင်း ၁၆၉၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသတွင်းစားသုံးဆီ ဖူလုံရေး အတွက် တိုင်းဒေသကြီးဝန်ကြီး ချုပ်၏ အစီအစဉ်ဖြင့် အောက်တို ဘာလက ဆင်းရွှေကြာ-၂ နေကြာ မျိုးစေ့အိတ် ၁၀၀ အား တောင်သူ များထံ အခမဲ့ဖြန့်ဝေပေးခဲ့ရာ ကြို့ပင်ကောက်မြို့၌ နေကြာ စိုက်ပျိုးနိုင်သော မြေအမျိုးအစား အားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စစ်ကုန်-၂ ကျေးရွာအုပ်စု မှ တောင်သူဦးမြင့်စိုးက ဧက ပေါင်း ၃၁၇ ဧကနှင့် သာယာကုန်း ကျေးရွာမှ တောင်သူဦးသိန်းထွန်း က နေကြာသီးသန့် ၁၀ ဧက တို့ကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့၍ လာမည့် ဆောင်းသီးနှံစိုက်ရာသီတွင်လည်း မျိုးကောင်းမျိုးသန့် ပြန်လည် အသုံးပြု ဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်ဌေးထံမှ သိရ သည်။
ကြို့ပင်ကောက်မြို့၌ ဆီ ထွက်သီးနှံနေကြာကို ဆောင်း သီးနှံပဲခင်းများတွင် သီးထပ် သီးညှပ် စိုက်ပျိုးခြင်းအပြင် သီးသန့် စိုက်ပျိုးခြင်းများဖြင့် ဧကပေါင်း ၁၆၉၀ စိုက်ပျိုးနိုင်ခဲ့ပြီး အခြား ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၃၂၈ ဧကနှင့် နှမ်း ၁၃၁၈ ဧကတို့ကိုလည်း စိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ လာမည့် ဆီထွက်သီးနှံ စိုက်ပျိုးရာသီတွင်လည်း ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ လျာထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)