
ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်မှ ဥရုဂွေးနှင့် ကိုလံဘီယာအသင်းပွဲစဉ်ကို ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
နာမည်ကြီး ဥရုဂွေးအသင်းသည် ကိုပါအမေရိကပြိုင်ပွဲ ကွာတားဖိုင်နယ် တွင် အသင်းကြီး ဘရာဇီးကို အနိုင်ယူ ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက် လှမ်းလာသည့် အသင်းဖြစ်သည်။ ပြိုင်ဘက် ကိုလံဘီယာအသင်းကလည်း အဆိုပါအဆင့်တွင် ပနားမားအသင်းကို ဂိုးပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသည့် အသင်းဖြစ်သည်။
ဥရုဂွေးအသင်းရော ကိုလံဘီယာ အသင်းပါ ယခုနှစ် ကိုပါအမေရိက ပြိုင်ပွဲတွင် တိုက်စစ်ထက်မြက်မှုနှင့် အတူ ခြေစွမ်းကောင်း ပြသထားနိုင် သည်။ ထို့အပြင် ခြေရည်တူနှစ်သင်း တွေ့ဆုံမှုဖြစ်သည့်အတွက် ယခင်ပွဲစဉ် တွေထက် ပြိုင်ဆိုင်မှု ပြင်းထန်လာ ဖွယ်ရှိသည်။
ယခုပွဲစဉ်မတိုင်မီ ဒီနှစ်သင်း နောက်ဆုံးသုံးကြိမ် ထိပ်တိုက်တွေ့ဆုံမှု တွင် အနိုင်/အရှုံး အဖြေမပေါ်ဘဲ သုံးကြိမ်စလုံး သရေကျထားသည်။
စောင့်ကြည့်ရမည့် ကစားသမားအဖြစ် ဥရုဂွေးအသင်းတွင် တိုက်စစ် ကစားသမား နူနက်ဇ်ရှိပြီး ယခုနှစ် ကိုပါအမေရိကပြိုင်ပွဲတွင် ဘိုလီး ဗီးယား၊ ပနားမားအသင်းဘက်သို့ သွင်းဂိုး နှစ်ဂိုး ရယူထားနိုင်သည်။ ပြိုင်ဘက် ကိုလံဘီယာအသင်းတွင် တောင်ပံကစားသမား ဒန်နီရယ် မူနော့ဇ်ရှိပြီး ပါရာဂွေး၊ ဘရာဇီးအသင်းတို့ဘက်သို့ သွင်းဂိုး နှစ်ဂိုးရယူ ထားနိုင်သည်။
မည်သို့ပင်ဆိုစေ ဥရုဂွေးအသင်းထက် တိုက်စစ်အဆုံးသတ်ပိုင်း သေချာသည့် ကိုလံဘီယာအသင်း ဗိုလ်လုပွဲ တက်လှမ်းဖွယ်ရှိသည်။
အောင်ဇော်