ကျိုင်းတုံတပ်နယ်နှင့် မိုင်းဆတ်တပ်နယ်တို့၌ အောက်ဆီဂျင်စက်ရုံများနှင့် ကုသရေးစင်တာများ ပြင်ဆင်ထားရှိမှုစစ်ဆေး

 

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ်ရှိ   တပ်မတော်ဆေးရုံ၌     တက် ရောက်  ကုသမှု     ခံယူလျက်ရှိသော       အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့ တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်    ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ်    သစ်လွင်ထူးနှင့်        အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍  တစ်ဦးချင်း၏‌ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု နှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေ များကို     မေးမြန်းအားပေး     စကား ပြောကြားပြီး စားသောက်ဖွယ်ရာများ   ပေးအပ်ကြသည်။   ထို့နောက်     ဒုတိယ တိုင်းမှူးနှင့်  အဖွဲ့ဝင်များသည်  ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှု၍   လိုအပ် သည်များ     ညှိနှိုင်း     ဆောင်ရွက်ပေး သည်။
ထို့ပြင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ တပ်နယ်နှင့်   မိုင်းဆတ်တပ်နယ်တို့၌      အောက်ဆီဂျင်စက်ရုံများ ပြင်ဆင်ထားရှိ  မှု၊  တပ်မတော်ဆေးရုံများနှင့် နယ်မြေခံ တပ်ရင်းများ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများ ထားရှိရန် ကုသ ဆောင်များ ပြင်ဆင်ဆောင်ရွက်  ထားရှိ မှု   အခြေအနေများကို    သက်ဆိုင်ရာ တပ်နယ်များမှ        တာဝန်ရှိသူများက အသီးသီး သွားရောက်ကြည့်ရှု စစ်ဆေး ပြီး   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်