ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေး

 

ကျိုင်းတုံ  ဧပြီ  ၆


ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးရာပါ နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို အားဖြည့် ဆောင်ရွက်လျက်ရှိရာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် သူ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အဖွဲ့များသည်   ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များမှ  မွေးရာပါ  နှုတ်ခမ်းကွဲ၊  အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ဧပြီ ၃ ရက် မှ ၅ ရက် အထိဆောင်ရွက်ပေးသည်။ 


အထူးကုဆရာဝန်ကြီးများနှင့် ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးမှ   ကျန်းမာရေးဝန်ထမ်းများက   ရှမ်း ပြည်နယ်(အရှေ့ပိုင်း) မြို့နယ်များမှ မွေးရာပါနှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲလူနာ ၅၂ ဦး  ခွဲစိတ်ကုသဆောင်ရွက် နေမှုအခြေအနေများကို   ပြည်နယ်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာစည်သူအောင်၊ ကျိုင်းတုံပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်းနှင့် တာဝန်ရှိ သူများက   ကြည့်ရှုအားပေးပြီး   အလှူရှင်များ၏ လှူဒါန်းမှုဖြင့်  ခွဲစိတ်ကုသမှုခံယူသည့် ကလေးများကို အာဟာရကျွေးမွေးခြင်း၊   ခရီးစရိတ်ထောက်ပံ့ခြင်း နှင့်  အရုပ်များ  လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရ သည်။ 


အောင်ဇင်မြင့်(ပြန်/ဆက်)