
ကျိုင်းတုံ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Sinovac ဆေးအလုံးရေ ၃၀၀၈ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရောက်ရှိသည်။
တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၃၀၀၈ နှင့် ဆေးထိုး အပ်များ ကျိုင်းတုံမြို့သို့ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော် လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။
အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၃၀၀၈ သည် တစ်လုံးလျှင် လူဦးရေ ၂ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ ၆၀၁၆ ဦးအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)