ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၇၉၃၀ နှင့် ဆေးထိုးအပ်များ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

 

ကျိုင်းတုံ    ဩဂုတ် ၅


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Sinopharm ဆေးအလုံးရေ ၇၉၃၀  နှင့်   ဆေးထိုးအပ်များကို တပ်မတော်လေယာဉ်ဖြင့်  ရန်ကုန်မြို့မှ   ပို့ဆောင်ပေးခဲ့ရာ  သြဂုတ် ၅  ရက် နံနက် ၁၁ နာရီခွဲက ရောက်ရှိသည်။
တပ်မတော်လေယာဉ်ဖြင့်     ပို့ဆောင်လာသည့်   ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အမျိုးအစား  အလုံးရေ ၇၂၀၀၊   Sinovac အမျိုးအစား အလုံးရေ ၇၃၀ စုစုပေါင်း အလုံးရေ ၇၉၃၀ နှင့် ဆေးထိုးအပ် ၁၅၈၆၀ ကျိုင်းတုံမြို့သို့ရောက်ရှိရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးဝင်းမင်းသိန်းနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံရယူကြောင်း သိရသည်။

 


အလားတူ ဇူလိုင် ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၈၈၀၀  နှင့်   ဆေးထိုးအပ်များ     ကျိုင်းတုံမြို့သို့ရောက်ရာ    ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ       မြို့နယ်များ အလိုက် ကာကွယ်ဆေးများ  ဖြန့်ဝေထိုးနှံပေးပြီး  သြဂုတ် ၅ ရက်တွင် ကိုဗစ်-၁၉  ကာကွယ်ဆေး Sinopharm နှင့်   Sinovac  အမျိုးအစား  အလုံးရေ  ၇၉၃၀ နှင့်   ဆေးထိုးအပ်များ   ကျိုင်းတုံမြို့သို့   ထပ်မံ ရောက်ရှိ၍    ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ   မြို့နယ်များသို့  ကာကွယ် ဆေးထိုးနှံပေးနိုင်ရေး      ဆက်လက်ဖြန့်ဝေပေးမည်    ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်(ပြန်/ဆက်)