
နေပြည်တော် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့ရှိ သီလဓမ္မကုန်းသာတောရ ကျောင်းတိုက်နှင့် ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့၌ ယနေ့တွင် တြိဂံ ဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများက စုပေါင်း၍ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်း ရေး ပြုလုပ်ခြင်းများ ဆောင်ရွက် ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှု များကို တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်