
နေပြည်တော် ဒီဇင်ဘာ ၁၀
ပြည်နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် ၁၀ မြို့နယ်ရှိ ကျောင်းများမှ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာထူးချွန်သူ ကျောင်း သား ကျောင်းသူ ၉၃ ဦး၊ သင်္ချာထူးချွန်သူ ကျောင်သား ကျောင်းသူ ၉၂ ဦး စုစုပေါင်း ၁၈၅ ဦးတို့ကို အင်္ဂလိပ်စာ၊ သင်္ချာရေးဖြေ နှင့် အင်္ဂလိပ်စာ ကျပန်းစကားပြောပြိုင်ပွဲ ဟူ၍ ခွဲခြားကာ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်