ကျိုင်းတုံမြို့နယ်ရှိ အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်

 

နေပြည်တော်   ဩဂုတ်    ၁၆


ရှမ်းပြည်နယ်         အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်  ယမ်းဝိုးကျေးရွာ ရှိ   ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန် ရှိသူများက     အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌    သွားရောက် တွေ့ဆုံပြီး   ဆန်၊  ဆီ၊   ဆား၊ ကြက်ဥနှင့်     ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ထို့နောက်     နယ်မြေခံဆေး တပ်ရင်းမှ ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။   ထိုသို့ ဆောင်ရွက်ပေးနေမှုများကို  တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု  အားပေးကြပြီး  ဆေးရုံတက်ရောက်ရန် လိုအပ်သူ များအား   နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍    တိုင်းမှူးနှင့်တာဝန်ရှိသူများသည်     ယမ်းဝိုး ကျေးရွာအတွင်း    ရေကြီးရေလျှံမှု ကြောင့်   လမ်းများ၊   တံတားများ ပျက်စီးဆုံးရှုံးမှုများကို လိုက်လံ ကြည့်ရှုကြပြီး             လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်စေ ရေးအတွက်  ပျက်စီးဆုံးရှုံးသွား သော   လမ်း၊   တံတားများကို  ပြန်လည်ပြုပြင်နိုင်ရေး   တာဝန်  ရှိသူများအား    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။

 


ယင်းနောက်    တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက် ၍    အဘိုး၊    အဘွားများအား နယ်မြေခံဆေးတပ်ရင်းမှ   ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများ က  ကျန်းမာရေးစစ်ဆေးပေးနေမှု များကို  လိုက်လံကြည့်ရှုအားပေး ကာ အာဟာရဖြည့် စားသောက် ဖွယ်ရာများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။                  

 သတင်းစဉ်