ကျိုင်းတုံမြို့နယ် လွိုင်မွေတောင်စခန်းမြို့၌ နွားနောက်ပြပွဲ ပြုလုပ်

 

 

နေပြည်တော်    မေ    ၈
နိုင်ငံတော်အကြီးအကဲများ၏   လမ်းညွှန်ချက်နှင့် အညီ နိုင်ငံတော်အတွင်း စိုက်ပျိုး/မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး မှ    နွားနောက်သားများကို    ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့နိုင်ခြင်းဖြင့် မွေးမြူရေးတောင်သူများ အနေဖြင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍   ယနေ့နံနက်ပိုင်းတွင်   ရှမ်းပြည်နယ် အရှေ့ပိုင်း    ကျိုင်းတုံမြို့နယ်    နောင်လုံစိုက်ပျိုး/မွေးမြူရေးခြံ၌  နွားနောက်ပြပွဲကို   ပြုလုပ်ရာ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်း ထွန်းနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နွားနောက် မွေးမြူကြသည့်     ဒေသခံမွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ   တိုင်းမှူးက    အမှာစကားပြောကြားပြီး ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးနှင့် ဒေသခံနွားနောက်မွေးမြူရေးလုပ်ငန်း  လုပ်ကိုင်သူ တစ်ဦးတို့က     နွားနောက်မွေးမြူရေးအကြောင်း သိကောင်းစရာများကို     ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နွားနောက် မွေးမြူရေးပြခန်းနှင့် နွားနောက်မွေးမြူရေးခြံများသို့ လိုက်လံကြည့်ရှုကြပြီး  ဒေသခံတိုင်းရင်း သား မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း ရှင်များ၏   ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ လွိုင်မွေကျေးရွာအုပ်စုတွင် နွားနောက် အကောင်ရေ   ၄၀၀   ခန့်၊    မိုင်းကိုင်အုပ်စုတွင်  နွားနောက် အကောင်ရေ ၁၅၀ ခန့်၊ နမ့်နီ/နမ့်လုံ ကျေးရွာတွင်   နွားနောက်   အကောင်ရေ ၂၀ ခန့်၊ မိုင်းနော့/ဖာတကျေးရွာတွင် နွားနောက် အကောင်ရေ  ၂၀၀  ခန့်ဖြင့်  ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ   မြို့နယ်/ကျေးရွာများတွင် စုစုပေါင်း နွားနောက်အကောင်ရေ ၇၇၀ ခန့် မွေးမြူလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်