ကျိုင်းတုံမြို့နှင့် မော်လမြိုင်မြို့နယ်တို့ရှိ ဘုရားစေတီပုထိုးများ၌ ရွှေသင်္ကန်းဆက်ကပ်ခြင်းနှင့် ထီးတော်တင်လှူပူဇော်ပွဲများ ကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ    ၁၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မဟာမြတ် မုနိဘုရားကြီး မျက်နှာတော်သစ်ခြင်းနှင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို    ယနေ့တွင်   အဆိုပါ ဘုရားကြီး၌ပြုလုပ်ရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်  မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ဆီမီး၊ သစ်သီး တို့ဖြင့် ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူး နှင့် တက်ရောက်လာကြသူများက မဟာမြတ်မုနိ ဘုရားကြီးအား မျက်နှာတော်သစ်ရေသပ္ပာယ်ခြင်းနှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပြီး မဟာမြတ်မုနိ ဘုရားကြီးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။

 


အလားတူ   မွန်ပြည်နယ်   မော်လမြိုင်မြို့၌ တည်ထားကိုးကွယ်တော်မူသော ဆံတော်ရှင် ဦးဇိန စေတီတော်၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊  ရွှေစင်ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့် ထီးတော်တို့အား အကြီးစားပြုပြင်မွမ်းမံ ခြင်း၊ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော် ထီးတော်တင်လှူခြင်းနှင့်       ဘက်စုံပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို   ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး    ဗိုလ်ချုပ်   ကိုကိုမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု ဖူးမြော်ကာ လိုအပ်သည်များ    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်