ကျိုင်းတုံမြို့၌ တစ်နှစ်လျှင် တစ်ရက်သာကျင်းပသည့် စော်ဘွားဈေးနေ့ စည်ကားလျက်ရှိ

 

ကျိုင်းတုံ   မတ်   ၂၆


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့၌   ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာအရ တစ်နှစ် လျှင်  တစ်ရက်သာ  ကျင်းပသည့် စော်ဘွားဈေးနေ့ကို  မတ် ၂၆ ရက် က                 ပါလျန်မြို့ရိုးတံခါးအနီး  စော်ဘွားကြီးအုတ်ဂူရှေ့ လွိုင်မွေ လမ်းတွင်   ကျင်းပသည်။

 


စော်ဘွားဈေးနေ့တွင်  ဒေသ ထွက်သီးနှံများ၊  အစားအစာများ၊ တိုင်းရင်းသားရိုးရာ     အဝတ် အထည်များ၊ လူသုံးကုန်ပစ္စည်း များကို ရပ်နီးရပ်ဝေးမှ လာရောက် ဈေးရောင်းချသူများ၊ ဈေးဝယ်သူ များ၊  အမှတ်တရဓာတ်ပုံရိုက်သူ များဖြင့်     စည်ကားလျက်ရှိပြီး‌ ဈေးသို့    လာရောက်သူများက စော်ဘွားအဆက်ဆက် အရိုးအိုး များ  မြှုပ်နှံရာ အုတ်ဂူရှစ်ခုတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာ များဖြင့်   ပူဇော်ပသကြကြောင်း သိရသည်။

 


ကျိုင်းတုံမြို့တွင်  ရှေးဓလေ့ ထုံးတမ်း     အစဉ်အလာမပျက် တစ်နှစ်လျှင်         တစ်ရက်သာ ရောင်းချလေ့ရှိသည့်   စော်ဘွား ဈေးသို့   လာရောက်သူအားလုံး သည်   ကောင်းသောမင်္ဂလာနှင့် ပြည့်စုံပြီး  ၎င်းဈေးတွင်  ရောင်းချ သော   ပစ္စည်းများကိုဝယ်ယူပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကောင်းမွန်သည်ဟု   ယူဆကာ မြို့သူ     မြို့သားများ၊   အနီး ပတ်ဝန်းကျင်မှ        ကျေးရွာသူ ကျေးရွာသားများ၊  ဧည့်သည်များ နှင့်  ကလေးများမှစ၍ သက်ကြီး ရွယ်အိုများအထိ      စော်ဘွား ဈေးသို့  လာရောက်လည်ပတ်၍ ဈေးဝယ်ကြကြောင်း  သိရသည်။


အောင်ဇင်မြင့် (ပြန်/ဆက်)