ကျိုင်းတုံမြို့၌ ဖမ်းဆီးရမိသည့် စက်သံဆူညံစေသော ပါဝါအိတ်ဇောများကို ဖျက်ဆီး

 

ကျိုင်းတုံ    ဒီဇင်ဘာ   ၁၀


ရှမ်းပြည်နယ်      (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌   ဖမ်းဆီးရမိသည့် စက်သံဆူညံစေသော        ပါဝါ အိတ်ဇောများကို    အမှတ်(၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့ (ရှမ်းအရှေ့)ရုံးရှေ့၌    ဒီဇင်ဘာ   ၉  ရက်က ဖျက်ဆီးသည်။ 

 


ရှမ်းပြည်နယ်      (အရှေ့ပိုင်း)အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လမှ  ၂၀၂၂   ခုနှစ်   ဒီဇင်ဘာ  ၈ ရက်အထိ  မော်တော်ဆိုင်ကယ် များတွင် အသံဆူညံစေသည့်  ပါဝါအိတ်ဇောများ     တပ်ဆင် ထားရှိမှုကို      ဖမ်းဆီး၍  သိမ်းဆည်းရမိသည့်     ပါဝါ အိတ်ဇော ၂၅၆ ခုကို လမ်းကြိတ် စက်ဖြင့်   ကြိတ်ခြေဖျက်ဆီးခြင်း ဖြစ်သည်။     ဖျက်ဆီးနေမှုကို ပြည်နယ်အစိုးရ       အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)        ဥက္ကဋ္ဌ ဦးရဲနိုင်၊            ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး         (ကျိုင်းတုံ)      ရဲမှူးကြီး မြင့်ကျော်၊ အမှတ်(၁၉)ယာဉ်ထိန်းရဲ          ဒုတပ်ဖွဲ့ခွဲမှူး (ရှမ်းအရှေ့)     ရဲမှူးသန်းနိုင်နှင့် ဌာနဆိုင်ရာ    တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

 


ကျိုင်းတုံမြို့နယ်အတွင်း မော်တော်   ဆိုင်ကယ်များတွင် ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင် သည့်        ဆူညံမှုများကြောင့် ညအချိန်များတွင် ပတ်ဝန်းကျင် နှင့်   အများပြည်သူ    အနှောင့် အယှက်    မဖြစ်စေရေးအတွက် ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင် မှုများကို  ထိထိရောက်ရောက် အရေးယူတားဆီးနိုင်ရန် ဒေသခံ များက လိုလားလျက်ရှိကြောင်း သိရသည်။


အောင်ဇင်မြင့်
(ပြန်/ဆက်)