ကျိုင်းတုံမြို့ ပရဟိတလူငယ်များ ကိုဗစ်- ၁၉ ကာလတွင် ပြည်သူများ ခက်ခဲမှုမရှိစေရေး လိုရင်ယူ ပိုရင်လှူ အစီအစဉ် ပြုလုပ်ပေး

 

ကျိုင်းတုံ    ဩဂုတ်     ၂၆


ရှမ်းပြည်နယ်အရှေ့ပိုင်း  ကျိုင်းတုံ မြို့ ပရဟိတလူငယ်များမှ  ကိုဗစ်-၁၉ ‌ကာလတွင် ပြည်သူများ ခက်ခဲ မှုမရှိစေရေး  လိုရင်ယူ   ပိုရင်လှူ အစီအစဉ်ကို     ယမန်နေ့က ကျိုင်းတုံမြို့ လွယ်မွေလမ်း    ပါလျံ မြို့ရိုးတံခါးအနီးတွင် ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ပြုလုပ်သည်။


ထိုသို့    ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့   အလှူရှင်များ၏ လှူဒါန်းပေးမှုဖြင့်      ပရဟိတ လူငယ်များက  ကိုဗစ်- ၁၉ ကာလ တွင် ပြည်သူများ  ခက်ခဲမှုမရှိစေ ရေးအတွက်     နေအိမ်ပြင်ပသို့ ဈေးဝယ်    ထွက်လာသူများအား ဟင်းသီးဟင်းရွက်များ အခမဲ့ပေး လှူခြင်းနှင့်    နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပြီး   အဆိုပါ  အစီ အစဉ်ကို    ဆက်လက်ပြုလုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။


ကျိုင်းတုံ ပရဟိတလူငယ်များ သည် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကူညီ   ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။    


အလားတူ     ကျိုင်းတုံမြို့ စေတနာရှင်    ပြည်သူများ၏ လှူဒါန်းမတည်ပေးမှုဖြင့်  ကိုဗစ်-၁၉ ကာလတွင် ပြည်သူများ ခက်ခဲ မှုမရှိစေရေး    ပါလျံဘုန်းတော်ကြီး ကျောင်းအနီး လွယ်မွေလမ်းတွင် လိုရင်ယူ၊ ပိုရင်လှူ အစီအစဉ်များ ကို ကိုဗစ်- ၁၉ ကာကွယ်ရေးနည်း လမ်းများနှင့်အညီ    ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)