ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၀ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

 

ကျိုင်းတုံ   ဇန်နဝါရီ   ၄
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့    အထိမ်းအမှတ်    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်      နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမှတ်(၁/၂၀၂၃)၊ (၂/၂၀၂၃)တို့ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ အကျဉ်းထောင်မှ  အကျဉ်းသား၊ အကျဉ်းသူ ၆၀ အား  ဇန်နဝါရီ  ၄  ရက်က  လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်  လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား၊   အကျဉ်းသူများအား   ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ကျော်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးဝင်းလှိုင်နှင့်    တာဝန်ရှိသူများက    ဆုံးမဩဝါဒ စကားများ  ပြောကြားပြီး  လွတ်ငြိမ်းခွင့်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံအကျဉ်းထောင်မှ     ယနေ့ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရရှိသည့်  နိုင်ငံခြားသား  အကျဉ်းသား ၁၀ ဦး၊ အကျဉ်းသူ ၂ ဦး နှင့် နိုင်ငံသား အကျဉ်းသား  ၄၃ ဦး၊ အကျဉ်းသူ ၅ ဦး စုစုပေါင်း ၆၀ လွှတ်ပေးခဲ့ ကြောင်း သိရသည်။        အောင်ဇင်မြင့် (ပြန်/ဆက်)