ကိုလံဘီယာနိုင်ငံ၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ၁၁ ဦးသေဆုံး၊ ၁၀ ဦး ပျောက်ဆုံးနေ

 

ဘိုဂိုတာ  မတ်  ၁၆


ကိုလံဘီယာနိုင်ငံ ကွန်ဒီနာမာကာ ၌  မတ် ၁၅ ရက်ညက ကျောက် မီးသွေးတွင်းတစ်ခုတွင် ပေါက်ကွဲ မှုဖြစ်ပွားပြီးနောက်   ၁၁     ဦးထက် မနည်း    သေဆုံးကာ    အခြား ၁၀  ဦး  ပျောက်ဆုံးလျက်ရှိကြောင်း  ဒေသတွင်းအာဏာပိုင်များကမတ် ၁၅ ရက်တွင် ပြောကြားသည်။

 


ပိတ်မိနေသူများကို  အသက် ရှင်လျက် ကယ်ဆယ်ရန် ကွန်ဒီနာ မာကာ အစိုးရနှင့်အတူ   အစွမ်း ကုန်ကြိုးစားနေကြောင်း   ကိုလံ ဘီယာသမ္မတ ဂတ်စ်တာဗိုပက်ဒရို က တွစ်တာတွင် ပြောကြားသည်။

 


နိုင်ငံတော်၊  ဌာန၊   စည်ပင် သာယာရေးအဖွဲ့နှင့် ကယ်ဆယ် ရေးအဖွဲ့များက   ပိတ်မိနေဆဲဖြစ် သည့်  သတ္တုတွင်းအလုပ်သမား များကို ကယ်ဆယ်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း၊   သတ္တု တွင်း   အလုပ်သမား  ကိုးဦးကို ယူဘိတ်ဆေးရုံတွင် ဆေးကုသမှု ပေးပြီး ၎င်းတို့ထဲမှ ခြောက်ဦးမှာ  ဆေးရုံမှ  ဆင်းခွင့်ရပြီဖြစ်ကြောင်း ကွန်ဒီနာမာကာပြည်နယ် အုပ်ချုပ် ရေးမှူး နီကိုလတ်စ်  ဂါစီယာဘတ်စ် တိုက လူမှုကွန်ရက် မီဒီယာတွင် ပြောကြားသည်။          

ဆင်ဟွာ