
ဘိုကိုတာ မတ် ၁၇
ကိုလံဘီယာနိုင်ငံအလယ်ပိုင်းတွင် မတ် ၁၅ ရက်က ကျောက်မီးသွေး တွင်းတစ်ခုအတွင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အလုပ်သမား ၂၁ ဦးထက်မနည်း သေဆုံး ကြောင်း အတည်ပြုခဲ့သည်။
ကွန်ဒီနာမာကာ ပြည်နယ်ရှိ ကျောက်မီးသွေးတွင်း၌ အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ပေါက် ကွဲမှုမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်ကြောင်း ယူဆထားသည်။
ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသည့် အလုပ်သမား ၁၀ဦး သေဆုံးနေသည်ကို တွေ့ရှိ ပြီးနောက် သေဆုံးသူ ၂၁ ဦးအထိ တိုးလာကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက မတ် ၁၆ ရက် တွင် ပြောကြားသည်။
ကိုလံဘီယာနိုင်ငံ၏ ကျောက် မီးသွေးဝယ်လိုအား တိုးလာခြင်း ကြောင့် ကိုလံဘီယာနိုင်ငံ၌ ကျောက်မီးသွေးတွင်း မတော် တဆမှုများ မကြာခဏ ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။ ကိုလံဘီယာနိုင်ငံ၌ ယမန်နှစ်က မိုင်းတွင်း မတော်တဆမှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄၆ ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံစာ များတွင် ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ