
ဘိုကိုတာ ဧပြီ ၈
ကိုလံဘီယာအနောက်မြောက်ပိုင်း မြို့တစ်မြို့ဖြစ်သည့် လာအန် တီဂွာတွင် ဧပြီ ၇ ရက်က မြေပြိုမှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး ထက် မနည်း သေဆုံးခဲ့ပြီး အမြောက် အမြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြား လိုက်သည်။
မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုများသည် ကိုလံ ဘီယာနိုင်ငံ၏ ခြောက်ခုမြောက် အကြီးဆုံး ပြည်နယ်ဖြစ်သည့် အန်တီယိုကီယာပြည်နယ် အာဘီ ယာဂီခရိုင်ရှိ လာအန်တီဂွာတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းများ က ဖော်ပြသည်။
လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့သည့် ဝမ်းနည်းကြေကွဲ ဖွယ်ကောင်းသော ဖြစ်ရပ်များ ဖြစ်ခဲ့သည့် အာဘီယာဂီဒေသသို့ သွားရောက်ပြီး ကူညီမှုများ လုပ် ချင်ကြောင်း အန်တီယိုကီယာ အုပ်ချုပ်ရေးမှူး အန်နီဘယ် ဂါဗီ ရီယာက တွစ်တာတွင် ဖော်ပြ လိုက်သည်။ ထို့အပြင် သဘာဝ ဘေးဒုက္ခ စီမံခန့်ခွဲမှုဌာနသည် အဆိုပါအခြေအနေများကို တာဝန် ယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ နေရာသို့ ကယ်ဆယ် ဆောင်ရွက်မှုများ လုပ်ဆောင်ရန် သက်ဆိုင်သူများကို စေလွှတ်ထား ကြောင်းလည်း အုပ်ချုပ်ရေးမှူးက ပြောသည်။
ကိုလံဘီယာသမ္မတ အိုင်ဗန် ဒုဇ်က ကျရောက်လာသည့်ဘေး ဒုက္ခများကို စုပေါင်းညီညာလုပ် ဆောင်ကြရန် တိုက်တွန်းကြောင်း သတင်းစကားပါးလိုက်ပြီး အခြေ အနေများကို စောင့်ကြည့်ကွပ်ကဲလျက်ရှိကြောင်းလည်း ပြောကြား လိုက်သည်။
ဆင်ဟွာ