
ဘိုဂိုတာ ဇွန် ၂၉
ကိုလံဘီယာအနောက်တောင်ပိုင်း တူလူအာမြို့ရှိ အကျဉ်းထောင် တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၅၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။
အကျဉ်းထောင် အတွင်း အကျဉ်းသားများဆူပူပြီး မွေ့ရာ များမီးတင်ရှို့ရာမှစကာ ယခုလို မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အကျဉ်းထောင်တွင် မီးသတ် စနစ်မရှိကြောင်း အမျိုးသား အကျဉ်းထောင် ညွှန်ကြားရေးမှူး တီတိုကက် စတယ်လာနို့စ်က ပြောကြားလိုက်သည်။ ပေါ့ပါး၍ သယ်ရလွယ်ကူသော မီးသတ်ဆေး ဘူးများကို ကနဦးတွင် အသုံးပြုခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။
အကျဉ်းသား ၁၈၀ ခန့် နေထိုင်ရာ အကျဉ်းထောင်တွင် နံနက်စောစော၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အထဲတွင် ကျန်ရှိသူများကို ကယ်ဆယ်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ တချို့ အစောင့်များသည် ထောင်သား များကို မီးဘေးမှ ကယ်တင်ရန် ကြိုးစားရင်း မီးလောင်ခဲ့ကြောင်း ၎င်းကပြောသည်။
အစောင့်နှစ်ဦး အပါအဝင် ဒဏ်ရာရရှိသူများကို တူလူအာ မီးသတ်သမားများက ဒေသဆေးရုံ သို့ ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက် အရ ဒဏ်ရာရရှိသူ ကိုးဦးကို အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် ထောင် သား ၄၉ ဦး သေဆုံးခဲ့သည်။ နှစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ပြီး နောက် သေဆုံးခဲ့သည်။ မီးလောင် မှုဖြစ်စဉ်အတွင်း မည်သည့် အကျဉ်းသားမှ လွတ်မြောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ