ကိုလံဘီယာ-ဗင်နီဇွဲလား နယ်စပ် စက်တင်ဘာ ၂၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

ကာရာကက်စ် စက်တင်ဘာ ၁၀ ဗင်နီဇွဲလားနိုင်ငံနှင့် အိမ်နီးချင်း ကိုလံ ဘီယာနိုင်ငံကြား နယ်စပ်ကို စက်တင်ဘာ ၂၆ ရက်တွင် ပူးတွဲပြန်လည်ဖွင့်လှစ် မည်ဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက စက်တင်ဘာ ၉ ရက် က ကြေညာခဲ့သည်။ မြို့တော် ကာရာကက်စ်နှင့် မြောက် ပိုင်း ဗလင်စီယာမြို့မှ ကိုလံဘီယာ၏ မြို့တော် ဘိုဂိုတာသို့ လေကြောင်းခရီးစဉ် များကိုလည်း ပြန်လည်စတင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။ မိမိတို့ပြည်သူများအကြား ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန် သော အစပြုခြင်းတစ်ခုကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံ စီးပွားရေး၊ စက်မှုနှင့် ခရီးသွားလာရေးဝန်ကြီး ဒါရီယို အူမာနာမန်ဒိုဇာ နှင့် စက်တင်ဘာ ၈ ရက် က အစိုးရရုံးချုပ်၌ လက်ခံတွေ့ဆုံစဉ် ဗင်နီဇွဲလားသမ္မတ မာဒူရိုက ပြောကြား သည်။ ပထမအဆင့်အနေဖြင့် မိမိတို့နိုင်ငံ များကြား လေကြောင်းဆက်သွယ်မှုနှင့် ကုန်စည်သယ်ယူ ပို့ဆောင်မှုများကို ပြန်လည်စတင်မည်ဖြစ်၍ နယ်စပ် ပြန်လည်ဖွင့်လှစ်ခြင်းကို အတည်ပြုခဲ့ ကြောင်း ကိုလံဘီယာသမ္မတ ဂူစတာ ဗိုပက်ထရိုက စက်တင်ဘာ ၉ ရက်က အတည်ပြုပြောကြားသည်။ ကိုလံဘီယာသမ္မတ ပက်ထရိုသည် သမ္မတတာဝန်ထမ်းဆောင်ချိန်မှ စကာ ၂၀၁၉ ခုနှစ်တွင် ၎င်း၏ရှေ့၌ သမ္မတ ဟောင်း အိုင်ဗန်ဒူကီက ကာရာကက်စ်နှင့် ဘိုဂိုတာမြို့တို့ကို ဖြတ်တောက်ထားသည့် ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် တိုးမြှင့်ခဲ့ သည်။ ဆင်ဟွာ