
ကျိုက်ထို စက်တင်ဘာ ၂၇
ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရင်ပြင် ၌ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ရင်ပြင်တော် အာရုံခံတန်ဆောင်း၌ ကျင်းပ သည်။
ရှေးဦးစွာ ဒါယကာ၊ ဒါယိကာမ များက နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ပြီး ဂူကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဏ္ဍလက မြတ်စွာဘုရား အား ပင့်လျှောက်ကာ မရမ်း တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာယကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ရင်ပြင် တော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသိပ္ပက နတ်ဗြဟ္မာများ ပင့်ဖိတ်၍ ရဟန်းသံဃာတော် များက ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ် ပူဇော်ကြကြောင်းနှင့် အလှူရှင်များက နဝကမ္မအလှူငွေ စုစုပေါင်း ငွေကျပ် ၃၀၃၀၀၀၀ ကို ပေးအပ်လှူဒါန်းသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ပွဲကို နိုင်ငံ အတွင်းရှိ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ပြီး ကပ်ကြီးသုံးပါး ကျော်လွှားနိုင်စေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ကာ အောက် တိုဘာ ၃ ရက်အထိ ခုနစ်ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)